
(နိုင်ငံတကာ) ဧပြီ ၁၀
အမေရိကန်နှင့် အီရန်တို့အကြား ရရှိထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ ပြင်းထန်သော ဗုံးကြဲတိုက် ခိုက်မှုများကြောင့် ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်။ ပါကစ္စတန်နိုင်ငံတွင် ပြုလုပ်ရန် စီစဉ်ထားသည့် နှစ်ဖက်ဆွေးနွေးပွဲများ မစတင်မီမှာပင် မြေပြင်၌ သွေးချောင်းစီးမှုများ ဆက်လက်ဖြစ်ပွားနေခြင်းက ငြိမ်းချမ်းရေး မျှော်လင့်ချက်များကို မှေး မှိန်စေလျက်ရှိသည်။
ဗုဒ္ဓဟူးနေ့တစ်ရက်တည်းမှာပင် လက်ဘနွန်တစ် ဝန်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေ ဆုံးသူအရေအတွက်မှာ ၃၀၃ ဦးအထိ မြင့်တက်လာပြီး ၁,၁၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာ ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ သေ ဆုံးသူများအနက် ၁၁၀ ကျော်မှာ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။
ဘေရွတ်ရှိ အမေရိကန်တက္ကသိုလ်(AUB) ဆေးရုံအပါအဝင် ဆေးရုံများတွင် ဒဏ်ရာရရှိသူများ ပြည့်နှက်နေပြီး၊ အထူးကြပ်မတ်ကုသဆောင် (ICU) သို့ ပို့ဆောင်ရသူများထဲတွင် ရက်သတ္တပတ်သားအရွယ် မွေးကင်းစကလေးငယ်များပင် ပါဝင်နေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဘေရွတ်ရှိ ဆေးရုံကြီးနှစ်ခုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစ္စရေး၏ အမိန့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို “သံတမန်ရေး ရာကို သတ်ဖြတ်ရန်” အမေရိကန်က ဆက်လက်ခွင့်ပြုနေခြင်းမှာ ဝါရှင်တန်၏ ရွေးချယ်မှုသာဖြစ်ကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။ အကယ်၍ အစ္စရေး၏ တိုက် ခိုက်မှုများ မရပ်တန့်ပါက အီရန်သည် အပစ်ရပ်စဲရေးမှ နုတ်ထွက်ကာ ပြန်လည်တုံ့ပြန်သွားမည်ဟု သတိ ပေးထားသည်။
တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် အပစ်ရပ်စဲရေးကို အပြည့်အဝမလိုက်နာမချင်း အမေရိကန်တပ်ဖွဲ့ဝင်များမှာ ရုပ်သိမ်းမည်မဟုတ်ဘဲ “အောင်နိုင်မှုအသစ်”(New Conquest) အတွက် အသင့်ရှိနေကြောင်း ထိတ်လန့်ဖွယ် သတိပေး ချက် ထုတ်ပြန်ထားသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ဘနွန်နှင့် တိုက်ရိုက်ဆွေးနွေးရန် ညွှန်ကြားထားသည်ဟု ဆိုသော်လည်း၊ အစ္စရေးစစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိများကမူ ဟစ်ဇ်ဘိုလာများကို အမြစ်ပြတ်ချေမှုန်းရန်အတွက် “စစ်ပွဲကို ရပ်တန့်မည်မဟုတ်” ဟု အခိုင်အမာ ပြောဆိုနေကြသည်။ ယင်းလုပ်ရပ်က အမေရိကန်နှင့် အီရန်တို့အကြား ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်၏ ကြိုးပမ်းမှုများကို ကြီးမားသော အဟန့်အတား ဖြစ်စေလျက်ရှိသည်။
လက်ရှိတွင် ပါကစ္စတန်၌ ပြုလုပ်မည့် ဆွေးနွေးပွဲများမှာ မသေချာသည့် အခြေအနေသို့ ရောက်ရှိနေပြီး၊ အရှေ့အလယ်ပိုင်းဒေသမှာ ပိုမိုကြီးမားသော စစ်မီး တောက်အတွင်းသို့ ကျရောက်သွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။
#Lebanon #Israel #IranCeasefire #Trump #Netanyahu #MiddleEastCrisis #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN