(မှုခင်း) ဧပြီ ၁၀
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်(၇)လမ်းရှိ နေအိမ်တွင် စိတ်ကြွဆေးပြားများ ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။
ဧပြီလ ၇ ရက်နေ့ နံနက် ၉နာရီ အချိန်တွင် တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်(၇)လမ်းရှိ ရဲရင့်သူ ငှားရမ်းနေထိုင်သည့် နေအိမ်တွင် သက်သေများနှင့်အတူဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၀)နှင့် အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၆၀၀ ဂရမ် (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၀)တို့ကို တွေ့ရှိခဲ့သည်။
ထို့ပြင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအနီးတွင် လမ်းလျှောက်လာသူ ဂျိုးဆက်(ခ)လော်ခါ အား ဧပြီလ ၈ ရက်နေ့ ၀၉၀၀ အချိန် ပူးပေါင်းအဖွဲ့သည်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၀)အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရဲရင့်သူ(၂၈)နှစ် နှင့် ဂျိုးဆက်(ခ)လော်ခါ(၄၅)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထား ရှိကြောင်းသိရသည်။

