
(နိုင်ငံတကာ) ဧပြီ ၆
အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို အင်္ဂါနေ့နောက်ဆုံးထား၍ ပြန်မဖွင့်ပေးပါက လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများကို ဗုံးကြဲတိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရာဇသံသတ်မှတ်လိုက်သည်။ အီရန်ဘက်ကမူ ယင်းရာဇသံကို ပယ်ချလိုက်ပြီး အမေရိကန်၏ တိုက်ခိုက်မှုများရှိလာပါက ပြင်းထန်သော လက်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု သတိပေးလိုက်သည်။
အီရန်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်း သည် အစ္စရေးနိုင်ငံ၊ ဟိုင်ဖာ (Haifa) မြို့ရှိ လူနေအဆောက်အအုံ တစ်ခုကို ထိမှန်ခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ အခြားလူ ၂ ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက် ခိုက်မှုများသည် အီရန်နိုင်ငံရှိ မြို့ပေါင်း ၁၂ မြို့ထက်မနည်းကို ထိမှန်ခဲ့သည်။ အထူးသဖြင့် တီဟီရန်ရှိ ဘဟာရက်စတန် (Baharestan) ခရိုင်တွင် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် ပင်လယ်ကွေ့တစ်ခွင်တွင် ဆက်လက်ရှိနေပြီး ကူဝိတ်နိုင်ငံရှိ လျှပ်စစ်၊ ရေချိုထုတ်လုပ်ရေးနှင့် ရေနံစက်ရုံများအပြင် ဘာရိန်းနိုင်ငံရှိ ရေနံအခြေခံ အဆောက် အအုံများပါ တိုက်ခိုက်ခံခဲ့ရသည်။
ယခုလို “အင်္ဂါနေ့ ရာဇသံ” ကို အီရန်က ပယ်ချလိုက်ခြင်းသည် စစ်ပွဲကို ပိုမိုကျယ်ပြန့်လာရန် သေချာသလောက် ရှိနေပါသည်။ အထူးသဖြင့် အီရန်က အစ္စရေး လူနေရပ်ကွက်များကိုပါ တိုက်ခိုက်လာခြင်းကြောင့် စစ်ရှိန်ကို ပိုမြင့်စေပြီး အပြန်အလှန်တိုက်ခိုက်နေခြင်း စစ်ပွဲတာရှည်လာသည်နှင့်အမျှ ကမ္ဘာ့စီးပွားရေးကပ်ကို ဆိုက်ရောက်စေနိုင်ပါသည်။
#IranWarUpdate #HaifaAttack #TrumpDeadline #HormuzStrait #TehranUnderFire #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN