အောင်မြေသာစံမြို့နယ်တွင်stand fanပန်ကာကွိုင်အပူလွန်ကဲရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား

(မှုခင်း)ဧပြီး ၃

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၇×၈ လမ်းကြား၊ ၈၆ လမ်းရှိ အကွက်အမှတ် ၄၁၅(N1) တွင် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့‌ေကြာင်း သိရသည်။

ဧပြီ ၂ ရက် နံနက် ၉နာရီခွဲအချိန်တွင်အိမ်ရှင် ဒေါ်မြင့်ဆွေ၏ နေအိမ်တွင် ငှားရမ်းနေထိုင်သူ အသက် ၄၁ နှစ်အရွယ် ဦးငယ်လေး (ခ) သိန်းသန်းတိုး၏ နေအိမ်တွင်မီး‌ေလာင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉နာရီ၄၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉နာရီ၄၅မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်စဉ်မှာ နေအိမ်အတွင်းရှိ Stand Fan ပန်ကာ၏ ကွိုင်အပူလွန်ကဲမှုမှ စတင်ကာ အနီးရှိ ဝါးထရံသို့ မီးကူးဆက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မီးလောင်မှုကြောင့် ဦးငယ်လေး (ခ) သိန်းသန်းတိုး၏ ၁၂ ပေ × ၁၅ ပေ အရွယ်၊ သွပ်မိုး၊ ထရံကာ၊ တစ်ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။အဆိုပါမီးလောင်မှုမှာ မီးပေါ့ဆစွာ သုံးစွဲခဲ့သူ ဦးငယ်လေး (ခ) သိန်းသန်းတိုးအား သက်ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#PAN