အကြမ်းဖက်PDFတပ်ဖွဲ့၀င်(၂)ဦးမှ လက်နက်၅လက်နှင့်အတူ အလင်း၀င်

(ပြည်တွင်း)ဧပြီ ၃

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် အကြမ်းဖက်PDFတပ်ဖွဲ့၀င်(၂)ဦးမှ လက်နက်ဖြင့်အလင်း၀င်လာကြောင်း သိရသည်။

ဧပြီလ ၂ရက်နံနက်၆နာရီခွဲအချိန်က အကြမ်းဖက်PDFတပ်ဖွဲ့၀င်(၂)ဦးမှ လက်နက်၅လက် ၊ကျည်မျိုးစုံ၅ဖြင့်အလင်း၀င်လိုကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူထံ ဖုန်းဖြင့် ဆက်သွယ်သတင်းပို့လာသည့်အတွက် ၎င်းတို့အလင်း၀င်ရောက်လာနိင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းနှင့်ချိတ်ဆက်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။အဆိုပါ လက်နက်နှင့်အလင်း၀င်ရောင်လာသော PDF ၂ဦးမှာ တမူးခရိုင် အမှတ်(၄)တပ်ရင်းPDF အဖွဲ့မှ ဖြစ်ကြောင်း သိရသည်။

#PAN