အောင်ပွဲခံနေ့သည့်အကြမ်းဖက်PDFအဖွဲ့အား တပ်မတော်လေမှ ဗုံးကြဲရှင်းလင်းခဲ့

(ပြည်တွင်း)ဧပြီ ၃

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကြီးကန်းရွာစာသင်ကျောင်းတွင် အောင်ပွဲခံနေ့သည့်အကြမ်းဖက်PDFအဖွဲ့အား တပ်မတော်လေမှ ဗုံးကြဲရှင်းလင်းခဲ့ကြောင်း သိရသည်။မင်းရွာတွင်ရောက်ရှိနေသော တပ်မတော်စစ်ကြောင်းသည် မင်းရွာမှ မယှက်၊ မုတ္ထော ဘက်သို့ စစ်ကြောင်းထိုးယောင်ပြ၍ တပ်ရင်းသို့ စစ်ကြောင်းပြန်ဆုတ်ခွာခဲ့ရာ အကြမ်းဖက်PDF အဖွဲ့က ကြီးကန်ရွာ စာသင်ကျောင်းအတွင်း အောင်ပွဲခံနေကြစဥ် ဧပြီလ ၂ရက်နေ့ည ၁၁ နာရီခန့် က တပ်မတော်လေမှ လေယာဥ်ဖြင့် ဗုံးကြဲ ခဲ့ကြောင်းသိရသည်။

မတ်လ ၃၀ရက်နေ့ ညနေပိုင်းက တပ်မတော်စစ်ကြောင်းမှ မင်းရွာကို ဒရုန်းဖြင့်ကင်းထောက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် မင်းရွာထဲရှိ အကြမ်းဖက်များ ထွက်ပြေးသွားကြကြောင်း၊ထို့နောက် တပ်မတော်စစ်ကြောင်းမှ ရွာအတွင်းရှိ မိုင်းများရှင်းလင်းပေးခဲ့ကြောင်း၊ ၎င်းရွာတွင် ရွာသူရွာသားများစစ်ရှောင်နေသဖြင့် နေအိမ်များရှိ ပရိဘောဂများ၊ ဆန်၊ ပဲ၊ နှမ်းများ၊ ထွန်စက်များကို အကြမ်းဖက်PDFများက ခိုးထုတ်ယူသွားကြပြီး အဆိုပါရွာမှစစ်ကြောင်းပြန်ဆုတ်သွားသဖြင့် ယင်းသို့ အောင်ပွဲခံနေကြစဥ် ဗုံးကြဲခဲ့ရှင်းလင်းခဲ့ရာ ထိခိုက်သေဆုံးမှုများစွာ ရှိကြောင်း သိရသည်။

#PAN