(ပြည်တွင်း)ဧပြီလ ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတအသစ် ဦးမင်းအောင်လှိုင်အား ရွေးကောက်တင်မြှောက်ခံရသည့်အတွက်“ဝ” ပြည်နယ်၏ ပြည်သူ့အစိုးရ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မီတီနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဗဟိုဌာနချုပ်တို့က ဂုဏ်ပြုသော သဝဏ်လွှာကို ယ နေ့မွန်းလွဲကပေးပို့ ကြောင်း သိရသည်။

သဝဏ်လွှာတွင် ဖသမ္မတကြီးသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လုံခြုံမှု၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားရေးတို့အတွက် ထူးခြားသော အောင်မြင်မှုများ ရရှိခဲ့သည်ဟု အသိအမှတ်ပြု ချီးကျူးထားသည်။
“ဝ” ပြည်နယ်အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ခွဲထွက်မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ သီးခြားလွတ်လပ်ရေးကြေညာခြင်း မရှိစေရန် အခိုင်အမာ ရပ်တည်ထားကြောင်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် “ဝ” ပြည်နယ်သည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကို စွဲမြဲစွာ လျှောက်လှမ်းသွားမည်ဖြစ်ပြီး တိုင်းရင်းသား တန်းတူညီမျှရေး၊ စည်းလုံးညီညွတ်ရေးနှင့် ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ကာ နယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု ဆိုထားသည်။ပြည်ထောင်စုအစိုးရနှင့် ဆက်လက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းသော ဆွေးနွေးမှုမှတစ်ဆင့် မိမိတို့၏ နိုင်ငံရေးဆန္ဒကို အကောင်အထည်ဖော်ကာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တွန်းအားပေးသွားမည်ဟု “ဝ” ပြည်နယ်က ရှင်းလင်းပြောကြားထားသည်။သဝဏ်လွှာ၏ အဆုံးတွင် သမ္မတကြီးနှင့် မိသားစုဝင်များ ကျန်းမာပါစေကြောင်း၊ နိုင်ငံတော် ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုတောင်း မေတ္တာပို့အပ်လိုက်ကြောင်း သဝဏ်လွှာတွင်ဖော်ပြထားသည်။
#pAN