အီရန်က အမေရိကန်၏ F-35 တိုက်လေယာဉ် ဒုတိယတစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ကြေညာ၊ လေသူရဲ အသက်ရှင်ရန် အခွင့်အလမ်းနည်းပါးဟုဆို

(နိုင်ငံတကာ) ဧပြီ ၃

     အမေရိကန်-အစ္စရေး မဟာမိတ်တပ်များနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ၆ ပတ်မြောက်အတွင်းသို့ ချဉ်းကပ်လာချိန်တွင် အီရန်စစ်တပ်က အမေရိကန်၏ အဆင့်မြင့်ဆုံး ပဉ္စမမျိုးဆက် F-35 Stealth တိုက်လေယာဉ် ဒုတိယတစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ယနေ့ (သောကြာနေ့) တွင် ကြေညာလိုက်သည်။

​     အီရန်အခြေစိုက် Mehr သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ F-35 တိုက်လေယာဉ်ကို အီရန်အလယ်ပိုင်း ကောင်းကင်ယံတွင် ကြားဖြတ်ပစ်ချခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ “တိုက်လေယာဉ်ဟာ ပြင်းထန်စွာ ပေါက်ကွဲပျက်စီးသွားခဲ့တာကြောင့် လေသူရဲအနေနဲ့ အသက်ရှင်လွတ်မြောက်နိုင်ခြေ မရှိသလောက် နည်းပါးပါတယ်” ဟု အီရန်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ဆိုသည်။ ဤသည်မှာ စစ်ပွဲကာလအတွင်း အီရန်က ပစ်ချနိုင်ခဲ့သည့် ဒုတိယမြောက် F-35 တိုက်လေယာဉ် ဖြစ်လာခဲ့သည်။

​     ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ဘက်ကမူ တစ်စုံ တစ်ရာ အတည်ပြုချက် ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော်လည်း ပြီးခဲ့သည့် မတ်လအတွင်းက ကူဝိတ်နိုင်ငံ ကောင်းကင်ယံတွင် အမေရိကန်၏ F-15E Strike Eagles တိုက်လေယာဉ် ၃ စင်းမှာ မဟာမိတ်ဖြစ်သူ ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးတပ်၏ “အမှားအယွင်း ပစ်ခတ်မှု” (Friendly Fire) ကြောင့် ပျက်ကျခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ဖူးကြောင်း CENTCOM က ဝန်ခံထားသည်။

​     CENTCOM တပ်မှူး ဗိုလ်ချုပ်ကြီး ဘရတ် ကူးလ်ပါ (Brad Cooper) က ၎င်းတို့၏ “Operation Epic Fury” စစ်ဆင်ရေးသည် သိသာသော တိုးတက်မှုများ ရရှိနေပြီး အီရန်၏ လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံး ကျည်စနစ်များမှာ အတော်များများ ဖျက်ဆီးခံထားရပြီဖြစ်ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။ သို့သော်လည်း အီရန်ဘက်က ယခုကဲ့သို့ အဆင့်မြင့် Stealth တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းမှာ အမေရိကန်၏ လေကြောင်းစိုးမိုးမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေသည်။

​     တိုက်လေယာဉ် ပစ်ချမှုနှင့်အတူ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် အစ္စရေးနိုင်ငံအတွင်းရှိ တဲလ်အဗီးဗ် (Tel Aviv) နှင့် အီလတ် (Eilat) ဆိပ်ကမ်းမြို့တို့ကိုလည်း တာဝေးပစ်ဒုံးကျည်များဖြင့် တစ်ပြိုင်နက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဤလုပ် ရပ်သည် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများအတွက် လက်စားချေတုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

​#F35Downed #IranUSWar #OperationEpicFury #TelAvivStrike #MiddleEastConflict #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN