တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှ အပူရှောင်စခန်း(၃)ခုအား အလှူငွေပေးအပ်လှူဒါန်း

(ပြည်တွင်း) ဧပြီ ၃

မကွေးတိုင်းဒေသကြီး ၊ အောင်လံမြို့နယ်ရှိ အပူရှောင်စခန်း(၃)ခုအား မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ နှင့် တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ အလှူငွေပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွှဲ ၂နာရီခွဲအချိန်တွင် အောင်လံမြို့နယ် ၊ကန်ကြီးရပ်ကွက်ရှိ သိမ်ကုန်းဓမ္မာရုံကြီးတွင် ဖွင့်လှစ်ထားသောအပူရှောင်စခန်းသို့ အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဇေယျကျော်ထင် ဦးတင်အောင်ချစ် မှ အလှူငွေ (၅)သိန်းကျပ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ လှူဒါန်းသောအလှူငွေ (၁၅)သိန်းကျပ်အား လှူဒါန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့အလှူငွေအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးစန်းလွင်၊ဦးအေးနိုင်၊ဦးမြင့်ရွှေ၊‌ဦးကျော်ကျော်၊ဦးနိုင်မင်းသူ၊ဦးသိန်းတိုး တို့မှ အောင်လံခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ဦးစန်းလွင်မှ လှူဒါန်းရခြင်းရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ကာ အောင်လံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေမှကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။