အင်ဒိုနီးရှားတွင် ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်

(နိုင်ငံတကာ)ဧပြီ-၂

အင်ဒိုနီးရှားနိုင်ငံ၊ Ternate ကျွန်းအနီး Molucca ပင်လယ်တွင် ဧပြီ ၂ ရက် နံနက်ပိုင်း၌ ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း Aisa One သတင်းတွင် ဖော်ပြသည်။ ငလျင်ကြောင့် အဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး ဆူနာမီလှိုင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပီး အင်ဒိုနီးရှား Metro TV ၏ ဖော်ပြချက်အရ Manado ဒေသတွင် အပျက်အစီးများကြောင့် လူတစ်ဦး သေဆုံးခဲ့သည်။အမေရိကန်

အမေရိကန် ဘူမိဗေဒ စစ်တမ်း (USGS) ၏ အဆိုအရ ပြင်းအား ၅ အထိရှိသော နောက်ဆက်တွဲ ငလျင်များ ထပ်လှုပ်ခတ်ခဲ့ပြီး အမြင့် ၀.၂ မီတာရှိ ဆူနာမီလှိုင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အမေရိကန် ဆူနာမီ သတိပေး အာဏာပိုင်များက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှား ကမ်းရိုးတန်းတစ်လျှောက် ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၁၀၀၀ အတွင်း အန္တရာယ်ရှိသော ဆူနာမီများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

#PAN