
(နိုင်ငံတကာ) ဧပြီ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နိုင်ငံအပေါ် ဆင်နွှဲနေသည့် “Operation Epic Fury” စစ်ဆင် ရေး တစ်လပြည့်မြောက်ချိန်တွင် နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပြီး၊ အမေရိကန်၏ စစ်ရေးရည်မှန်း ချက်များမှာ အောင်မြင်ရန် နီးစပ်နေပြီဖြစ်၍ စစ်ပွဲကို အပြီး သတ်ရန် အဆုံးသတ်တိုက်ပွဲ (Finish the job) ကို ဆင်နွှဲတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
သမ္မတ ထရန့်က ၎င်း၏ မိန့်ခွန်းတွင် အမေရိကန်တပ်ဖွဲ့များသည် တစ်လအတွင်း အီရန်စစ်တပ်ကို အပြတ်အသတ် ထိုးနှက်နိုင်ခဲ့ကြောင်း ဆိုသည်။ “ဒီနေ့ညမှာတော့ အီရန်ရဲ့ ရေတပ်ဟာ ပျက်စီးသွားပါပြီ၊ သူတို့ရဲ့ လေတပ်ဟာလည်း အပျက်အစီးပုံတွေ ဖြစ်နေပါပြီ၊ သူတို့ရဲ့ ခေါင်းဆောင်အများစုဟာလည်း သေဆုံးကုန်ကြပါပြီ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ အီရန်၏ ဒရုန်းနှင့် ဒုံးကျည်စွမ်းရည်များမှာလည်း သိသိသာသာ လျော့ပါးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
စစ်ပွဲဆင်နွှဲရခြင်း၏ အဓိကအကြောင်းရင်းမှာ အီရန်၏ နျူကလီးယား ရည်မှန်းချက်ကြောင့် ဖြစ် ကြောင်း ထရန့်က အကြောင်းပြခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် “Operation Midnight Hammer” ဖြင့် နျူကလီးယားစခန်းများကို ဖျက်ဆီးခဲ့သော်လည်း အီရန်က လျှို့ဝှက်နေရာသစ်များတွင် ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေခြင်းကြောင့် ယခုကဲ့သို့ အမြစ်ပြတ်ချေမှုန်းရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အီရန်ကို နျူကလီးယားလက်နက် ပိုင် ဆိုင်ဖို့ ကျွန်တော် ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး” ဟု အလေးအနက် ကတိပြုခဲ့သည်။
သမ္မတ ထရန့်က အီရန်ဘက်မှ အပစ်အခတ်ရပ်စဲရေးအတွက် ကမ်းလှမ်းလာသည်ဟု ပြောကြားခဲ့သော် လည်း၊ အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်ကမူ ၎င်းတို့အနေဖြင့် မည်သည့်အပစ်ရပ်စဲရေးမျှ တောင်းဆိုထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ အီရန်သမ္မတက ၎င်းတို့အနေဖြင့် အမေရိကန်ပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် ရန်ငြိုးမရှိကြောင်း ဆိုသော်လည်း၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကမူ “အင်အားအပြည့်” ဖြင့် ဆက်လက်တုံ့ပြန်သွားမည်ဟု ပြောကြားထားသည်။
စစ်ပွဲသည် အီရန်နိုင်ငံအတွင်း၌တင်မကဘဲ အိမ်နီး ချင်း ကူဝိတ်၊ ကာတာနှင့် ဘာရိန်းနိုင်ငံများအထိ ကူးစက်ပျံ့နှံ့နေသည်။ အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများကြောင့် ကူဝိတ်လေဆိပ်ရှိ လောင်စာဆီကန်များ မီးလောင်ကျွမ်းခဲ့သလို၊ ကာတာရေပိုင်နက်တွင်လည်း ရေနံတင်သင်္ဘောတစ်စီး ထိမှန်ခဲ့သည်။ ဤ အခြေ အနေကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ တစ်စည်လျှင် ၁၂၄ ဒေါ်လာအထက်သို့ မြင့်တက်နေပြီး ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
သမ္မတ ထရန့်က စစ်ပွဲသည် ရှေ့လာမည့် ၂ ပတ်မှ ၃ ပတ်အတွင်း ပြီးဆုံးနိုင်ကြောင်း ခန့်မှန်းထားသော် လည်း အီရန်ဘက်က ပြောက်ကျားစစ်ဆင်နွှဲမှုများနှင့် ဒေသတွင်း မဟာမိတ်များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် စစ်ပွဲမှာ ပိုမိုကြာရှည်သွားနိုင်သည်ဟု စစ်ရေးလေ့လာသူအချို့က သုံးသပ်နေကြသည်။
#TrumpAddress #OperationEpicFury #IranWarLatest #FinishTheJob #NuclearThreat #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN