(ပြည်တွင်း) ဧပြီ ၂
ဒီကနေ့ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးရဲ့ ဒုတိယနေ့မှာ ပြည်ထောင်စုအဆင့် ကော်မတီ ၃ ခုကို ဖွဲ့စည်းသွားမှာဖြစ်ပြီး သမ္မတလောင်းတွေရဲ့အရည်အချင်းကို စစ်ဆေးသွားဖို့ ရှိနေပါတယ်။

ဖွဲ့စည်းသွားမယ့် ကော်မတီ ၃ ခုမှာ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီတို့ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်က ကြေညာထားတာပါ။
အဆိုပါကော်မတီ ၃ ရပ် ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီက လွှတ်တော်ကို ရှင်းလင်းတင်ပြသွားရမှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကော်မတီမှာ ပါဝင်မယ့် ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကို တင်ပြသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ် အစုအဖွဲ့ ၃ ဖွဲ့က ရွေးချယ်ထားတဲ့ ဒုသမ္မတ ၃ ဦးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတတာဝန်အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိ/မရှိ သမ္မတလောင်း စိစစ်ရေးအဖွဲ့ရဲ့ စိစစ်တွေ့ရှိချက်ကို တင်ပြသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်မယ့် နေ့ရက်ကို ကြေညာသွားဖို့ ရှိနေပါတယ်။
သမ္မတ ရွေးချယ်ရေးအတွက် လျှို့ဝှက်ဆန္ဒမဲပေးတာနဲဲ့ပတ်သက်ပြီး လွှတ်တော် နာယကက ဒီငနေ့လွှတ်တော်မှာ ကြိုတင်ရှင်းလင်းသွားဖို့ ရှိနေတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်က သ်ရတာ ဖြစ်ပါတယ်။
#PAN