ဒူဘိုင်းဆိပ်ကမ်းတွင် ကူဝိတ်ရေနံတင်သင်္ဘော ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ပင်လယ်ကွေ့ရေပြင်အတွင်း တိုက် ခိုက်မှုများ စိုးရိမ်ဖွယ် မြင့်တက်လာ

(နိုင်ငံတကာ) မတ် ၃၁

     ယူအေအီးနိုင်ငံ၊ ဒူဘိုင်းဆိပ်ကမ်း (Dubai Port) တွင် ဆိုက်ကပ်ထားသည့် ကူဝိတ်နိုင်ငံပိုင် ရေနံတင် သင်္ဘောတစ်စီး ယနေ့အစောပိုင်းတွင် ဒရုန်းဖြင့် တိုက် ခိုက်ခံခဲ့ရပြီးနောက် ပင်လယ်ကွေ့ဒေသအတွင်း ရေ ကြောင်းကုန်သွယ်ရေး လုံခြုံရေးအတွက် စိုးရိမ်မှုများ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

     အဆိုပါတိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်တွင် မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော်လည်း အာဏာပိုင်များက အချိန်မီ ထိန်းချုပ်နိုင်ခဲ့သည်။ ကူဝိတ်ရေနံကော်ပို ရေးရှင်း (KPC) ၏ ထုတ်ပြန်ချက်အရ Al Salmi အမည်ရှိ ရေနံတင်သင်္ဘောသည် ဒူဘိုင်းဆိပ်ကမ်း၌ ကျောက်ချရပ်နားထားစဉ် အီရန်၏လက်ချက်ဟု ယူဆရသော ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

     အဆိုပါသင်္ဘောပေါ်တွင် ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့မှ တင်ဆောင်လာသည့် ရေနံစိမ်း စည်ပေါင်း၂ သန်း ပါရှိပြီး တရုတ်နိုင်ငံ၊ ချင်းတောင် (Qingdao) မြို့သို့ ပို့ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ် သည်။ တိုက်ခိုက်မှုကြောင့် သင်္ဘောကိုယ်ထည် ပျက် စီးခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း ရေနံယိုစိမ့်မှုနှင့် လူထိခိုက်မှု မရှိကြောင်း ဒူဘိုင်းမီဒီယာရုံးက အတည်ပြုထားသည်။

     ဒူဘိုင်းမြို့အတွင်းရှိ ဒေသခံများသည် ပေါက်ကွဲသံများကို အတိုင်းသား ကြားနေရပြီး တိုက်ခိုက်မှုများ သည် လူနေရပ်ကွက်များနှင့် ပိုမိုနီးကပ်လာနေသည်။ လက်ရှိတွင် ဒူဘိုင်းကောင်းကင်ယံ၌ စစ်ဘက်ဆိုင်ရာ ဂျက်လေယာဉ်များဖြင့် ကင်းလှည့်မှုများကို အရှိန်မြှင့်တင်ထားပြီး ဒေသတွင်း လုံခြုံရေးကို အမြင့်ဆုံး အဆင့် (High Alert) သို့ တိုးမြှင့်ထားကြောင်း သိရသည်။

     ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ဟော်မုဇ်ရေလက် ကြားနှင့် ပင်လယ်ကွေ့အတွင်း ကုန်သွယ်ရေးသင်္ဘောများ ပစ်မှတ်ထားခံနေရသည်။ ဆော်ဒီအာရေးဗီးယား၊ ရပ်စ်တာနူရာ (Ras Tanura) ကမ်းလွန်တွင် ဂရိပိုင် ကုန်သေတ္တာတင်သင်္ဘောတစ်စီးအနီးသို့ ဒုံးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။ အလားတူ အိုမန်နိုင်ငံမြောက်ပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသည့် ထိုင်းကုန်တင်သင်္ဘော Mayuree Naree ပေါ်သို့ ရှာဖွေရေးအဖွဲ့များ တက်ရောက်နိုင်ခဲ့သော်လည်း ပျောက်ဆုံးနေသည့် သင်္ဘောသား ၃ ဦးကိုမူ ယနေ့အထိ ရှာမတွေ့သေးပေ။

     ပင်လယ်ကွေ့ရေပြင်မှာ အီရန်ရဲ့ တိုက်ခိုက်မှုတွေဟာ ဒူဘိုင်းဆိပ်ကမ်းအထိ ရောက်ရှိလာပြီး ကမ္ဘာ့စွမ်း အင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို အပြင်း အထန် ခြိမ်းခြောက်နေခြင်းကြောင်း ကမ္ဘာ့ရေနံစျေးနှုန်းများ မတည်မငြိမ်ဖြစ်လာနိုင်ပြီး နိုင်ငံတကာ ကုန်သွယ် ရေးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။

​#GulfConflict #DubaiPortAttack #OilTankerStrike #EnergyCrisis #MiddleEastWar #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN

5 thoughts on “ဒူဘိုင်းဆိပ်ကမ်းတွင် ကူဝိတ်ရေနံတင်သင်္ဘော ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ပင်လယ်ကွေ့ရေပြင်အတွင်း တိုက် ခိုက်မှုများ စိုးရိမ်ဖွယ် မြင့်တက်လာ

  1. Pingback: hello world
  2. Pingback: mobic generic cost
  3. Pingback: zoloft 50 mg

Comments are closed.