
(ပြည်တွင်း) မတ် ၃၁
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ယမန် နေ့ မတ်လ ၃၀ ရက်တွင်ဖမ်းဆီးထားရှိသော နိုင်ငံပေါင်းစုံမှ ကျားဖြန့်ငွေလိမ်ဂိုဏ်းဝန်ထမ်း ၆၅ ဦးကို ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်း ပေးအပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
လွှဲပြောင်းပေးအပ်ခံရသူများတွင် ဗီယက်နမ်နိုင်ငံသား ၂၇ ဦး၊ ကင်ညာနိုင်ငံသား တစ်ဦး၊ ရဝမ်ဒါနိုင်ငံသား တစ်ဦးနှင့် အီသီယိုးပီးယားနိုင်ငံသား ၃၆ ဦး ပါဝင်ပြီး၊ ၎င်းတို့ကို ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ မှတစ်ဆင့် မဲဆောက်မြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုင်းရဲတပ်ဖွဲ့က အဆိုပါ နိုင်ငံခြားသားများအား လက်ခံရယူထားပြီး ရက်ပိုင်းအတွင်း ၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း မဲဆောက်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။
3 thoughts on “မြဝတီတွင် ဖမ်းမိသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းဝန်ထမ်း ၆၅ ဦးကို ထိုင်းဘက်သို့ လွှဲပြောင်းပေးအပ်”
Comments are closed.