
(မှုခင်း) မတ် ၃၀
နေပြည်တော် လယ်ဝေးမြို့နယ် သပြေပင်အုပ်စု သပြေပင်ကျေးရွာတွင် ယနေ့ နံနက် ၈ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် မအိသဇင် (အသက် ၂၄ နှစ်) ၏ (၃×၃) ပေခန့်ရှိ သွပ်မိုး၊ ထရံကာနေအိမ်မှ နေအိမ်အကာထရံများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားပြီးနောက် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် လူများနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။