(နိုင်ငံတကာ)မတ် ၃၀
သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် လက်ရှိ အီရန်နှင့် ဖြစ်ပွားနေသည့် ပဋိပက္ခကို အဆုံးသတ်ရန် ကြိုးပမ်းနေသည့် စေ့စပ်ညှိနှိုင်းမှုများနှင့် ပတ်သက်၍ ၎င်း၏ ထုံးစံအတိုင်း ပွင့်လင်းပြတ်သားစွာ မှတ်ချက်ပေးခဲ့သည်။
“ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းမှုတွေမှာ အတော်လေး အဆင်ပြေပြေ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ အီရန်နဲ့ ပတ်သက်ရင်တော့ ခင်ဗျားတို့ ဘယ်တော့မှ ကြိုတင်မသိနိုင်ဘူး (You never know)” ဟု ထရန့်က ပြောကြားခဲ့သည်။ ၎င်းသည် အီရန်ခေါင်းဆောင်ပိုင်း၏ ဆုံး ဖြတ်ချက်များအပေါ် ယုံကြည်မှု အပြည့်အဝမရှိကြောင်း အရိပ်အမြွက် ပြသလိုက်ခြင်းဖြစ်သည်။
“သဘောတူညီချက်တစ်ခု ရရှိလိမ့်မယ်လို့ ကျွန်တော် တော်တော်လေးကို ယုံကြည်ပါတယ် (PRETTY SURE we’ll make a DEAL)… ဒါပေမဲ့ မရတာမျိုးလည်း ဖြစ်နိုင်တာပဲ (but it’s possible WE WON’T!)” ဟု ထရန့်က ထပ်လောင်း ပြောကြားခဲ့သည်။
ထို့အပြင် ထရန့်သည် ၎င်း၏ ပြင်းထန်သော စစ်ရေးမူဝါဒကိုလည်း ထပ်လောင်း အတည်ပြုခဲ့သည်။ “ကျွန်တော်တို့ ညှိနှိုင်းမှုတွေ လုပ်ပါတယ်။ ဒါပေမဲ့ (ညှိနှိုင်းလို့မရရင်တော့) သူတို့ကို အကုန်မှုတ်ထုတ်ပစ်ရမှာပဲ (Then we have to BLOW THEM UP)” ဟု ၎င်းက ဆိုသည်။ ဤပြောကြားချက်သည် အီရန်အနေဖြင့် အမေရိကန်၏ ကမ်းလှမ်းချက်များကို လက်မခံပါက ပိုမိုပြင်းထန်သော စစ်ရေးအရှိန်မြှင့်တင်မှုများနှင့် ရင်ဆိုင်ရမည်ဟု ရာဇသံပေးလိုက်ခြင်းပင် ဖြစ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည့် အီရန်အပေါ် စစ်ဆင်ရေးသည် တစ်လကျော် ကြာမြင့်လာပြီဖြစ်ပြီး၊ အမေရိကန်သည် အီရန်၏ စစ်အခြေစိုက်စခန်းများနှင့် နျူကလီးယားဆိုင်ရာ နေရာအချို့ကို လေကြောင်းမှ တိုက်ခိုက်ထားပြီးဖြစ်သည်။ ယခုအခါ အိမ်ဖြူတော် သည် မြေပြင်စစ်ဆင်ရေး အလားအလာများကိုပါ ထည့်သွင်းစဉ်းစားနေချိန်တွင် ထရန့်၏ ယခုမှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “အမေရိကန်အနေနဲ့ ခြိမ်းခြောက်မှုတွေ (Threats) နဲ့ စေ့စပ်ညှိနှိုင်းမှု (Negotiations) ကို တစ်ပြိုင်တည်းလုပ်လို့မရပါဘူး။ ကျွန်တော်တို့ဟာ ဖိအားပေးမှုအောက်မှာ ဘယ်တော့မှ အလျှော့ပေးမှာမဟုတ်သလို၊ ဂုဏ် သိက္ခာရှိတဲ့ ငြိမ်းချမ်းရေးအတွက်ပဲ တံခါးဖွင့်ထားပါတယ်” ဟု တုံ့ပြန်ခဲ့သည်ဟု သိရပါသည်။
#TrumpIran #WarUpdate #Negotiations #USMilitary #MiddleEastConflict #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN