



(မှုခင်း) မတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ တောင်ကြီးကျေးရွာသို့ PDF အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂၃ရက်နေ့ မွန်းတည့်အချိန်က အကြမ်းဖက်PDFများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးဇော်လင်းအောင်(၃၉)နှစ်၊ ဒေါ်တင်ချို(၄၂)နှစ်၊ ဒေါ်တင်ကြည်(၈၀)နှစ်နှင့် ဒေါ်ဝင်းမြတ်ခိုင်(၄၃)နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဒဏ်ရာရှိသူ ၄ဦးသည် ယင်းနေ့ ည ၁၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးရောက်ရှိ သေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။