ခြောက်ဘီယာဉ်မှ အရှိန်မထိန်းနိုင်သဖြင့် တဘက်ယာဥ်ကြောမှ ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံံး

(မှုခင်း) မတ် ၂၇

ပဲခူးတိုင်းဒေသကြီးဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ အမှတ်(၁)ရပ်ကွက် (၁၉)လမ်းထိပ်၌ ခြောက်ဘီယာဉ်မှ အရှိန်မထိန်းနိုင်သဖြင့် တဘက်ယာဥ်ကြောမှ ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံံးသွားကြောင်း သိရသည်။

မနေ့က မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ် မင်းကွက်(၂)ရပ်ကွက်နေ ဇင်မင်းဖြိုး (၂၂)နှစ် မောင်းနှင်လာသော BGO-11/3J-XXXX LIFAN ခြောက်ဘီး မော်တော်ယာဉ်သည် တာပွန်လမ်းအတိုင်း သဖန်းကုန်းကျေးရွာဘက်မှ ပေါင်းတည်မြို့ဘက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်သဖြင့် တစ်ဖက်ယာဉ်ကြောသို့ ဝင်ရောက်သွားခဲ့ပြီး မျက်နှာချင်းဆိုင်မှ နတ်တလင်းမြို့နယ် လှပခြင်းကျေးရွာနေ ဒေါ်မာမာလွင် (၄၇)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဒေါ်မာမာလွင် (၄၇)နှစ်တွင် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူ ဇင်မင်းဖြိုးအား ပေါင်းတည်မြို့မရဲစခန်းတွင် ယာဉ်(ပ)၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။