စက်သုံးဆီစျေး ထပ်မံမြင့်တက်လာ

(စီးပွားရေး) မတ် ၂၇

အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွား‌နေသော စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တတ်လျက်ရှိရာ ယနေ့ ရည်ညွှန်းစျေးတွင်လည်း စက်ဆုံးဆီဈေး ထပ်မံအပြောင်းအလဲ ဖြစ်ပေါ်လာပါတယ်။

ယနေ့ မတ် ၂၇ရက်နေ့အတွက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ ရည်ညွှန်းစျေးမှာ မြန်မာနိုင်ငံတွင် အသုံးများတဲ့ 92 တစ်လီတာလျှင် ယခင်ဈေးနှူန်းထက် ကျပ် ၈၄၀မြင့်တတ်လာပြီး 95 တစ်လီတာလျှင် ကျပ် ၁၁၂၅အထိမြင့်လာ‌တာ်လို့ထုတ်ပြန်ထားပါတယ်။

ထို့ကြောင့် ယနေ့ရန်ကုန်မြို့တွင် အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၄၄၅၀၊ 95 တစ်လီတာလျှင် ကျပ် ၄၉၇၅၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၅၄၅၀ ၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင်ကျပ် ၆၀၈၅ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။