IRGC အကြီးအကဲ ဗိုလ်ချုပ်ကြီး အလီ အဗ္ဗဒူလာဟီ  က “လျှို့ဝှက်လက်နက်သစ်တစ်ခု အသုံးပြုတော့မည် ရန်သူ၏ စစ်ဆင်ရေးများကို အဆုံးသတ်စေမည်” ဟု ပြောကြား

(နိုင်ငံတကာ)မတ် ၂၄

     အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ Khatam al-Anbia ဗဟိုစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အလီ အဗ္ဗဒူလာဟီ (Major General Ali Abdollahi) က “မကြာခင်မှာ လျှို့ဝှက်လက်နက်သစ်တစ်မျိုးကို စတင်အသုံးပြုတော့မှာဖြစ်ပြီး အဲ့ဒီလက် နက်က ရန်သူရဲ့ စစ်ဆင်ရေးတွေကို အဆုံးသတ်သွားစေလိမ့်မယ်” ဟု ယမန်နေ့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ၄၈ နာရီ ရာဇသံပေးထားတာကို ၅ ရက် ထပ်တိုးပေးလိုက်တဲ့အချိန်မှာပဲ အီရန်ဘက်က ဒီပြင်းထန်တဲ့ သတိ ပေးချက် ထွက်လာခြင်း ဖြစ်သည်။

     CIA ရဲ့ လျှို့ဝှက်အစီရင်ခံစာတွေအရ အီရန်ဟာ စစ်ပွဲအတွင်းမှာ နျူကလီးယားဗုံးကို အမြန်ဆုံးထုတ် လုပ်ဖို့ ကြိုးပမ်းနေနိုင်ပြီး ဒါဟာ သူတို့ရဲ့ နောက်ဆုံး “လျှို့ဝှက်လက်နက်” ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ အထူးသဖြင့် အီရန်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒီအန္တရာယ်က ပိုမိုကြီးထွားလာနေတာပါ။

     ပင်တဂွန် (Pentagon) ရဲ့ အဆိုအရ အီရန်ဟာ Fatah နဲ့ Qadr ကဲ့သို့သော ဟိုက်ပါဆိုးနစ် (Hyper – sonic) ဒုံးကျည်တွေကို မကြာသေးမီက အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ အခုပြောတဲ့ လက်နက်သစ်ဟာ အမေရိကန်ရဲ့ THAAD နဲ့ အစ္စရေးရဲ့ Arrow လေကြောင်းကာကွယ်ရေးစနစ်တွေကို လုံးဝဖောက်ထွက်နိုင်တဲ့ ဒုံးကျည်အမျိုးအစားသစ် ဖြစ်နိုင်တယ်လို့ တွက်ချက်ထားသည်။

​#PositiveAngle #IranSecretWeapon #MajorGeneralAbdollahi #USIranWar2026 #WarNews #StraitOfHormuz

Telegram»…
https://t.me/positiveanglenews

#PAN