
(နိုင်ငံတကာ)မတ် ၂၄
အီရန်၏ အမြင့်ဆုံးခေါင်းဆောင် (Supreme Leader) အလီခါမေနီက အမေရိကန်နဲ့ တိုက်ရိုက်ဆွေး နွေးဖို့ မီးစိမ်းပြ (Approved) လိုက်ပြီလို့ အစ္စရေးရဲ့ သြဇာအရှိဆုံး သတင်းဌာနတစ်ခုဖြစ်တဲ့ Ynet က စတင်ဖော်ပြခဲ့တာဖြစ်ပြီး၊ အစ္စရေးအဆင့်မြင့် အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားထားတာ ဖြစ်သည်။
ဒါဟာ အရင်က အီရန်ရဲ့ တင်းမာတဲ့ ရပ်တည်ချက်ကနေ အကြီးအကျယ် ပြောင်းလဲသွားတာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီ (Araghchi) နဲ့ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတီဗင် ဝစ်ကော့ဖ် (Steven Witkoff) တို့အကြား ဖုန်းနဲ့ တိုက်ရိုက်ဆွေး နွေးခဲ့ကြတယ်လို့ စွပ်စွဲထားပါတယ်။
အိမ်ဖြူတော်က အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီနဲ့ အမေရိကန်အထူးသံတမန် စတီဗင် ဝစ်ကော့ဖ်တို့အကြား “ဖုန်းခေါ်ဆိုမှု” ရှိခဲ့သည်ဆိုသည့်အချက်ကို တိုက်ရိုက်အတည်ပြုခြင်း မရှိသေးဘဲ “အခြေ အနေမှာ ပြောင်းလဲမှု မြန်ဆန်နေဆဲ (Fluid)” ဖြစ်သည်ဟုသာ ဆိုထားပါတယ်။
သမ္မတ ထရမ့်ကမူ “အီရန်ဘက်က ဆွေးနွေးချင်နေကြပြီး ငါတို့လူတွေနဲ့ စကားပြောနေတယ်” ဟု လူသိ ရှင်ကြား ထုတ်ဖော်ပြောဆိုထားပါတယ်။ သို့သော် အိမ်ဖြူတော်ကမူ တရားဝင် သဘောတူညီချက် မရမချင်း မည်သည့် ခန့်မှန်းချက်ကိုမျှ အတည်မယူရန် သတိပေးထားသည်။
အစ္စရေးမီဒီယာများ (Axios အပါအဝင်) ၏ အဆိုအရ နေတန်ယာဟုသည် အိမ်ဖြူတော်သို့ ဖုန်းခေါ်ဆိုပြီး အစ္စရေးကို အသိမပေးဘဲ အီရန်နှင့် “နောက်ကွယ်မှ ဆွေးနွေးမှုများ (Behind his back)” လုပ်ဆောင်နေခြင်း ရှိ၊ မရှိ ပြင်းပြင်းထန်ထန် မေးမြန်းခဲ့ကြောင်း သိရပါသည်။
အမေရိကန်ဟာ ဒီဆွေးနွေးမှုကို အစ္စရေးကို ကြို တင်အသိပေးခြင်းမရှိဘဲ လျှို့ဝှက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ဒါဟာ ဝါရှင်တန်နဲ့ ဂျေရုဆလင် (နေတန်ယာဟုအစိုးရ) အကြား ယုံကြည်မှု ပျက်ပြားစေမယ့် အချက်ဖြစ်လာနိုင်ပါတယ်။
သမ္မတထရမ့်ဟာ စစ်ပွဲကို အရှိန်မြှင့်မယ့်အစား သူ့ရဲ့ “Deal Maker” ပုံရိပ်အတိုင်း သဘောတူညီချက်တစ်ခုကို အမြန်ဆုံးရယူပြီး စစ်ပွဲကနေ ထွက်ပေါက်ရှာဖို့ ကြိုးစားနေတာကို ပြသနေပါတယ်။
အစ္စရေးဟာ သူ့ကိုကျော်ပြီး အမေရိကန်နဲ့ အီရန်တို့ သဘောတူညီချက်ရသွားမှာကို အလွန်စိုးရိမ်နေပါတယ်။ ဒါကြောင့်လည်း အစ္စရေးမီဒီယာတွေကနေ ဒီသတင်းကို ဖော်ထုတ်ပြီး အမေရိကန်အပေါ် ဖိအားပေးဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ လေ့လာသူများက သုံးသပ်ထားသည်။
#PositiveAngle #YnetNews #USIranSecretTalks #MiddleEastPeace2026 #BreakingNews #Diplomacy
Telegram»…
https://t.me/positiveanglenews
#PAN