သားရှင်ပြုပွဲပြန်လာသည့် YDF ခွဲထွက်အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူအား ယောYDFအဖွဲ့ မှ လုပ်ကြံသတ်ဖြတ်

(ပြည်တွင်း) မတ် ၂၄

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာအနီးတွင် သားရှင်ပြုပွဲပြန်လာသည့်လYDF ခွဲထွက်အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူအား ယောYDFအဖွဲ့ မှ လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း သိရသည်။

မတ်လ ၂၂ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကိုမြတ်သူဦးဆောင်တဲ့ယောYDF အဖွဲ့က သားရှင်ပြုပွဲပြန်လာသည့် ယောYDFခွဲထွက်တပ်မှ ဗိုလ်ကြီးကောင်းကောင်းတို့အဖွဲ့အား ခြုံခိုတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးကောင်းကောင်းအပါဝင် ၂ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ရှင်ပြုပွဲလည်း ပျက်စီးသွားကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မေလ၊ (၈) ရက်နေ့တွင် ကောင်းထက်အပါဝင် YDF ၅ဦးသည် ယောYDFအကျဥ်းထောင်မှ ထောင်မှူးအား သတ်ဖြတ်ခဲ့ပြီး လက်နတ်များနှင့်အတူ ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့ပြင် ကောင်းကောင်းနှင့် ယောလင်းတို့ ဦးဆောင်သော လူတစ်စုမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၄) ရက်နေ့တွင် ယောကာကွယ်ရေးတပ် – YDF ၏ တပ်မှူး သမိုင်း အပါအဝင် ရဲဘော် (၈) ဦးတို့အား သေနတ်ပစ်ဖောက်၍ လမ်းမပေါ်တွင် ဝမ်းလျားမှောက်ခိုင်း၍ ရဲဘော်မျက်နှာများ
အား ခြေထောက်ဖြင့် ပိတ်ကန်ခြင်းများ ပြုလုပ်ကာ လက်ပြန်ကြိုးတုပ်၍ ပြန်ပေးဆွဲလုယက်
နှိပ်စက်ခြင်းအား ကျူးလွန်ခဲ့ကြောင်း ယောPDFအဖွဲ့(YDF)က ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍ တပ်တွင်းပြဿနာကို စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင် မဖြေရှင်းဘဲ
လက်နက်နဲ့ ဖြေရှင်းခြင်းအပေါ် မိမိတို့ ယောမြေ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ယက်
(Yawland IDP’s Support Network) အနေဖြင့် အပြင်းအထန်ဆန့်ကျင်ရှုံ့ချပြီး ကျဆုံးသွားသော
ဗိုလ်ကြီးကောင်းကောင်းနှင့် အခြားရဲဘော်မိသားစုများနဲ့ထပ်တူ ဝမ်းနည်းရပါသည်ဟု ယောမြေ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ယက်မှ ထုတ်ပြန်ထားသည်။