အမျိုးသားလွှတ်တော်အစည်း အဝေး ဒုတိယနေ့ကို အစီအစဥ် ၁၇ ရပ်​ဖြင့် ကျင်းပမည်

(ပြည်တွင်း) မတ် ၂၃

မတ်လ၂၄ ရက်နေ့ ( အင်္ဂါနေ့ ) မနက် ၁ဝ နာရီတွင်ကျင်းပမည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို အစီအစဥ် ၁၇ ရပ်နဲ့ကျင်းပမယ့်လို့ သိရပါတယ်။

ကျင်းပမယ့်အစီအစဥ်တွေထဲမှာတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း၊ အမျိုးသားလွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း
ကြေညာခြင်း၊ အမျိုးသားလွှတ်တော် ဒုတိယနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း၊ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ
အတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှု အခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်းစတာတွေပြုလုပ်မှာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားတာတွေ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဥပဒေကြမ်းကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနဲ့စပ်လျဉ်းပြီး  ရှင်းလင်းတင်ပြတာတွေ  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြတာတွေပြုလုပ်ဖို့ရှိနေပါတယ်။

အဲဒီနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းရေးနဲ့စပ်လျဉ်းပြီး
ရှင်းလင်းပြောကြားခြင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြည်သူ့ငွေစာရင်းကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊သက်တမ်းနဲ့ စပ်လျဉ်းပြီး ရှင်းလင်းတင်ပြတာတွေပြုလုပ်ပြီးနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီတွင် ပါဝင်သင့်တဲ့ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြတာတွေလည်း ပြုလုပ်မယ်လို့ အစညအဝေးအစီအစဥ်မှာ ထည့်သွင်းထားပါတယ်။

မနက်ဖြန်ပြုလုပ်မယ့်အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲ့စည်းရေးနဲ့စပ်လျဉ်းပြီး ရှင်းလင်းပြောကြားမှာဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် .. လွှတ်တော်ကိုယ်စားလှယ်
တစ်ဦးက လွှတ်တော်အခွင့်အရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊သက်တမ်းနဲ့ စပ်လျဉ်းပြီး ရှင်းလင်းတင်ပြမှာဖြစ်သလို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီတွင် ပါဝင်သင့်တဲ့ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားမှာဖြစ်သလို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍
ရှင်းလင်းတင်ပြမယ်လို့ အခမ်းအနားအစီအစဥ်အရ သိရပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းကိုအမျိုးသားလွှတ်တော်ကို တင်ပြမှာဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ရပ်နားမှဖြစ်တယ်လို့ သိရပါတယ်။