ပြည်သူ့လွှတ်တော်အစည်းအဝေးတတိယနေ့ဆက်လက်ကျင်းပမည်

(ပြည်တွင်း) မတ် ၂၃

မတ်လ၂၄ ရက်နေ့ (အင်္ဂါနေ့) မနက် ၁၀ နာရီမှာကျင်းပမယ့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံအမှန်အစည်းအဝေး တတိယနေ့ကို အစီအစဥ် ၁၄ ရပ်နဲ့ကျင်းပမယ်လို့ သိရပါတယ်။

အစည်းအဝေးအစီအစဥ်တွေထဲမှာ  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း၊ ပြည်သူ့လွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနဲ့ စတင်ကျင်းပကြောင်းကြေညာခြင်း၊ တတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ အစီအစဉ် ကြေညာခြင်း၊ အစည်းအဝေး မတက်ရောက်နိုင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်းစတဲ့ အစီအစဥ်တွေပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီမှာ ပါဝင်မယ့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းအပြင် ဥပဒေကြမ်း ကော်မတီရဲ့တာဝန်၊ လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတွေကိုလည်းကောင်း ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်ရယူခြင်းတွေ ဥပဒေကြမ်းကော်မတီ ဖွဲ့စည်းကြောင်းကြေညာတာတွေ ပြုလုပ်ဖို့လည်းရှိပါတယ်။

ဒီအစည်းအဝေးမှာပဲပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီမှာ ပါဝင်မယ့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်တွေရဲ့အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်း ပြည်သူ့ငွေစာရင်းကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်၊ သက်တမ်းနဲ့ ကော်မတီ အစည်းအဝေးတွေ  ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်ရယူခြင်းနဲ့ ပြည်သူ့ငွေစာရင်းကော်မတီဖွဲ့စည်းကြောင်း ကြေညာခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲ့စည်းရေးနဲ့စပ်လျဉ်းပြီး ရှင်းလင်းပြောကြားတာတွေလည်း ပြုလုပ်ဖို့ရှိနေပါတယ်။


အဲဒီနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးတွေနဲ့စပ်လျဉ်းပြ ရှင်းလင်းပြောကြားတာတွေပြုလုပ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီမှာ ပါဝင်ဖို့ လျာထားတဲ့ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းကို ပြည်သူ့လွှတ်တော်ကို တင်ပြမှာဖြစ်ပါတယ်။

အစီအစဥ်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစိုးရရဲ့အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဖွဲ့စည်းရေးနဲ့စပ်လျဉ်းပြီး ရှင်းလင်းပြောကြားမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊သက်တမ်း၊ ကော်မတီအစည်းအဝေးတွေနဲ့ စပ်လျဉ်းပြီး ရှင်းလင်းပြောကြားခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ
စိစစ်ရေးကော်မတီမှာ ပါဝင်ဖို့လျာထားတဲ့ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်တွေရဲ့အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းကိုပြည်သူ့လွှတ်တော်သို့ တင်ပြပြီး ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတတိယနေ့ ရပ်နားမှာဖြစ်တယ်လို့ သိရပါတယ်။

#PAN