(ပြည်တွင်း) မတ် ၂၃
နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း (Lumbar Spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရသဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် အမှတ်(၂)တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) နေပြည်တော်၌ အရေးပေါ်ခွဲစိတ်ကုသမှုအား ၂ နာရီကြာ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

အဆိုပါခွဲစိတ်ကုသမှုအား အိန္ဒိယနိုင်ငံမှပါရဂူများနှင့် မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ရာ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ကြောင်း သိရသည်။
ယခုအခါ နိုင်ငံ့တာဝန်နှင့် တပ်မတော်တာဝန်များကို ကျန်းမာစွာ ထမ်းဆောင်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
#PAN