
(မှုခင်း) မတ် ၂၃
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် NLDပါတီ၏ မြို့နယ်အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါ်တင်တင်နုအား အကြမ်းဖက်PDF တစ်ဦးမှ နေအိမ်တွင် သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သိရသည်။
ယမန်နေ့ မွန်းတည့်ချိန်က ဒေါ်တင်တင်နုသည် သဲကုန်းရပ်ကွက်က ၎င်းနေအိမ်တွင် ဟင်းချက်နေချိန် အမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ငါးချက် ပစ်ခတ်ခဲ့ရာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ ဒေါ်တင်တင်နုသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမှုဖြင့် အနိုင်ရရှိထားသည့် တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတင်ထွဋ်ရဲ့ ဇနီးဖြစ်ပြီး၊ ခင်ပွန်းဖြစ်သူသည် အကြမ်းဖက်မှုများ လုပ်ဆောင်မှုကြောင့် ထွက်ပြေးတိမ်ရှောင်နေသူဖြစ်ကြောင်း၊ ဒေါ်တင်တင်နုသည် ၂၀၂၅ခုနှစ် ဇူလိုင်လတွင်လည်း အကြမ်းဖက်PDFအဖွဲ့၏ ပထမအကြိမ်လုပ်ကြံမှုမှ လွတ်မြောက်ခဲ့ပြီး တိမ်းရှောင်နေရသူဖြစ်ကြောင်း သိရသည်။