အမေရိကန် ဒုတိယမြောက် ရေကြောင်းချီတပ်ဖွဲ့ (ARG/MEU) အရှေ့အလယ်ပိုင်းသို့ ထွက်ခွာ

(နိုင်ငံတကာ)မတ် ၂၀

     အရှေ့အလယ်ပိုင်းတွင် အီရန်နှင့် စစ်ရေးတင်းမာမှုများ အရှိန်မြင့်တက်နေစဉ် အမေရိကန်ရေတပ်သည် ၎င်း၏ အင်အားကြီး ရေကြောင်းချီတိုက်ခိုက်ရေးအုပ်စု (Amphibious Ready Group – ARG) ကို ယမန်နေ့ ဒေသစံတော်ချိန် နံနက်ပိုင်းက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုဆိပ်ကမ်းမှတစ်ဆင့် စေလွှတ်လိုက်ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

     ဆန်ဒီယေဂို ကမ်းခြေကြည့်ကင်မရာများ (San – DiegoWebCam) ၏ မှတ်တမ်းများအရ ရဟတ်ယာဉ်တင် တိုက်ခိုက်ရေးသင်္ဘောကြီး USS Boxer (LHD-4) က အဓိက အလံတင်သင်္ဘော)အဖြစ်လည်းကောင်း ကမ်းတက်တိုက်ခိုက်ရေးယာဉ်များ သယ်ဆောင်သည့် သင်္ဘော USS Comstock (LSD-45)နှင့် ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘော USS Portland (LPD-27) တို့ပါဝင်ကြသည်။

     ဤသင်္ဘောအုပ်စုတွင် အမေရိကန် ရေကြောင်းချီတပ်ဖွဲ့ (U.S. Marines) အင်အားထောင်ချီ လိုက်ပါသွားပြီး ၎င်းတို့သည် ဒုတိယမြောက် အရှေ့အလယ်ပိုင်းသို့ စေလွှတ်သည့် ရေကြောင်းချီတပ်ဖွဲ့ ဖြစ်လာသည်။

     စေလွှတ်ရသည့် ရည်ရွယ်ချက်မှာ အီရန်က ကာတာနှင့် UAE ရှိ စွမ်းအင်စက်ရုံများကို တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါဒေသရှိ အမေရိကန်အကျိုးစီးပွားနှင့် မဟာမိတ်များကို အကာအကွယ်ပေးရန်နှင့် ပိတ်ဆို့ခံထားရသည့် ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရန် အင်အားပြသခြင်းဖြစ်သည်။

     မီးလောင်မှုကြောင့် ဂရိနိုင်ငံတွင် ပြုပြင်နေရသည့် လေယာဉ်တင်သင်္ဘောကြီး USS Gerald R. Ford ၏ လစ်ဟင်းသွားသော စစ်ရေးအင်အားကို ဖြည့်ဆည်းရန် ဖြစ်နိုင်ခြေရှိသည်။

     စစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ ဤရွေ့ပြောင်းမှုသည် အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းတွင် “ကာကွယ်ရေး” အဆင့်မှ “တိုက်စစ်ဆင်ရေး” အဆင့်သို့ ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ အထူးသဖြင့် ကုန်းရေနှစ်သွယ်သွား တပ်ဖွဲ့များ ပါဝင်လာခြင်းသည် ကမ်းရိုးတန်းစစ်ဆင်ရေးများအတွက် ပြင်ဆင်ခြင်းပင် ဖြစ်သည်ဟု သတင်းများက ဆိုသည်။

     အဆိုပါ သင်္ဘောအုပ်စုစေလွှတ်မှုအပေါ် အီရန်တော် လှန်ရေးအစောင့်တပ် (IRGC) ၏ ရေတပ်ဗိုလ်ချုပ်ကြီး တစ်ဦးက – “ပါရှန်းပင်လယ်ကွေ့ဟာ အမေရိကန် စစ်သင်္ဘောတွေအတွက် သုသာန်ဖြစ်သွားလိမ့်မယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်ရဲ့ USS Boxer အုပ်စုဟာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ထဲကို ဝင်ရောက်လာတာနဲ့ အီရန်ရဲ့ ကမ်းခြေအခြေစိုက် ဒုံးကျည်တပ်ဖွဲ့တွေရဲ့ ပစ်မှတ်အောက်ကို ရောက်ရှိသွားမှာဖြစ်တယ်လို့ ဆိုသည်။

     အီရန်ဟာ ၎င်းတို့ရဲ့ “Kamikaze Drones” (အသေ ခံဒရုန်းများ) နဲ့ Anti-ship Missiles (သင်္ဘောဖျက်ဒုံး ကျည်) တပ်ဖွဲ့တွေကို အဆင်သင့်အနေအထား ပြင် ဆင်ထားလိုက်ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေ သည်။

#PositiveAngle #MilitaryNews #USNavy #USSBoxer #MiddleEastConflict2026 #WarUpdate #OSINT #NavalMovement

Telegram»…
https://t.me/positiveanglenews

#PAN