နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက် အစည်းဝေးကျင်းပမယ့် ရက်ကိုကြေငြာ

(ပြည်တွင်း) မတ် ၂၀

ဒီနေ့ မတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန် နေပြည်တော်က ပြည်ထောင်စုလွှတ်တော်အဆောက်အဦမှာ ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းဝေးမှာ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့လိုက်အစည်းအဝေးများကို မတ်လ ၃၀ ရက်နေ့မှာကျင်းပမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ‌ကြေညာပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီးကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ပထမနေ့ အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်နာယက ကလွှတ်တော်ကို နှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်ထောင်စုလွှတ်တော်အထမြောက်ကြောင်းနဲ့စတင်ကျင်းပကြောင်း ကြေညာပါတယ်။

အဲ့ဒီနောက် အစည်းအဝေးမတက်ရောက်နိုင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအတွက် ခွင့်ပန်ကြားခြင်းနဲ့ အစည်းအ‌ဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့် နေ့ရက်ကို သတ်မှတ်ကြေညာခြင်း တွေကိုဆောင်ရွက်ခဲ့ကြပါတယ်။

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၂၀ ဦး ပါဝင်ပြီး၊ ကျန်တဲ့ ၁၆၆ ယောက် ကတော့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပြီး ခန့်အပ်ထားတဲ့ တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်တွေဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန် –

Telegram – t.me/positiveanglenews

#PAN