
(မှုခင်း) မတ် ၂၀
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဂေါက်ကွင်း၌ မီးလောင်မှုအပါအဝင် မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ယနေ့ ့ နံနက်အစောပိုင်းက မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဂေါက်ကွင်းတွင် နံနက် ၄ နာ ရီခွဲကျော်ခန့်က မီးလောင်မှုဖြစ်ပွား၍ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်း၊ အင်းစိန်ခရိုင်မီးသတ်စခန်း၊ ပုလဲအရန်မီးသတ်စခန်းတို့၏တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၄၅ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ နယ်မြေ(၄)တွင် နံနက် ၃ နာရီခွဲကျော်ခန့်၌ နေအိမ်မီးလောင်မှုဖြစ်ပွား၍ မြင်းခြံခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်း၊ စက်မှုဇုန်အရန်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ ဂုံမင်ရှိုကျေးရွာတွင် နံနက် ၂ နာရီ ၃၅ မိနစ်ခန့်၌ နေအိမ်မီးလောင်မှုဖြစ်ပွား၍ အုတ်ဖိုမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၂ နာရီ ၅၀ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။