အစ္စရေး၏ အကြီးဆုံး ဟိုင်ဖာရေနံချက်စက်ရုံကို အီရန်ဒုံးကျည် ထိမှန် – အရှေ့အလယ်ပိုင်း စွမ်းအင်ကဏ္ဍ အကြီးအကျယ် ရိုက်ခတ်

အစ္စရေး၏ အကြီးဆုံး ဟိုင်ဖာရေနံချက်စက်ရုံကို အီရန်ဒုံးကျည် ထိမှန် – အရှေ့အလယ်ပိုင်း စွမ်းအင်ကဏ္ဍ အကြီးအကျယ် ရိုက်ခတ်
**********
(နိုင်ငံတကာ)မတ် ၂၀

     အီရန်နှင့် အစ္စရေးတို့အကြား တိုက်ရိုက်စစ်ပွဲ ဆင်နွှဲနေစဉ်အတွင်း ယနေ့ ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲအချိန်ခန့်တွင် အီရန်ဘက်မှ ပစ်ခတ်လိုက်သော တာဝေးပစ် ဒုံးကျည်များသည် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ အဓိက စက်မှုမြို့တော်ဖြစ်သော Haifa (ဟိုင်ဖာ) ရှိ ရေနံချက်စက်ရုံကို တိုက်ရိုက်ထိမှန်ခဲ့သည်။

    ဒုံးကျည်ထိမှန်ပြီးနောက် ရေနံချက်စက်ရုံအတွင်းရှိ သိုလှောင်ကန်များ ဆက်တိုက်ပေါက်ကွဲခဲ့ပြီး မီးခိုးလုံးကြီးများမှာ ကီလိုမီတာပေါင်းများစွာ အကွာအဝေးအထိ မြင်တွေ့ခဲ့ရသည်။ ဟိုင်ဖာရေနံချက်စက်ရုံသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့အတွက် လိုအပ်တဲ့ လောင်စာဆီတွေကို အဓိကထောက်ပံ့ပေးနေတာ ဖြစ် သည်။ စက်ရုံပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နာရီပိုင်းအတွင်းမှာပဲ Haifa, Akko နှင့် Nahariya အစရှိတဲ့ မြောက်ပိုင်းမြို့ကြီးအချို့မှာ လျှပ်စစ်မီးများ အကြီး အကျယ် ပြတ်တောက်သွားခဲ့သည်။

     ဤစက်ရုံသည် တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၁၉၇,၀၀၀ ကျော် ချက်လုပ်နိုင်သည့် အစ္စရေး၏ အဓိကကျောရိုးဖြစ်ပြီး ယခုအခါ လုပ်ငန်းစဉ်အားလုံး လုံးဝရပ်ဆိုင်းသွားခဲ့သည်။ ရေနံချက်စက်ရုံအနီးရှိ ဓာတုဗေဒပစ္စည်း သိုလှောင်ရုံများသို့ မီးကူးစက်မည်ကို စိုးရိမ်သဖြင့် အနီးနားရှိ လူနေရပ်ကွက်များကို အရေးပေါ် ရွှေ့ပြောင်းပေးနေရသည်။

     အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဤတိုက်ခိုက်မှုသည် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နိုင်ငံအတွင်း ကျူးကျော်မှုများအတွက် “လက်တုံ့ပြန်ခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် အမေရိကန်က အီရန်ပစ်မှတ် ၇,၀၀၀ ကျော်ကို တိုက် ခိုက်ခဲ့သည့်အတွက် အစ္စရေး၏ စီးပွားရေးအသက် သွေးကြောကို ပြန်လည်ပစ်မှတ်ထားခြင်း ဖြစ်သည်။

    ဟိုင်ဖာရေနံချက်စက်ရုံ တိုက်ခိုက်ခံရခြင်းကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း (Brent Crude) သည် တစ်စည်လျှင် ၁၂၀ ဒေါ်လာ အထက်သို့ ချက်ချင်းခုန်တက်သွားခဲ့သည်။ အမေရိကန်က အီရန်ကို အလုံးအရင်းနဲ့ တိုက် ခိုက်နေချိန်မှာ အီရန်ကလည်း အစ္စရေးရဲ့ စီးပွားရေးပစ် မှတ်များကို အဓိကထား လက်တုံ့ပြန်နေခြင်းဖြစ်သည်။

#PositiveAngle #HaifaOilRefinery #IranMissileAttack #IsraelWar2026 #GlobalEnergyCrisis #OilPriceSpike #MiddleEastConflict

Telegram»…
https://t.me/positiveanglenews

#PAN