အမေရိကန်အစိုးရက ကမ္ဘာ့ရေနံဈေးနှုန်း အဆမတန်မြင့်တက်မှုကို လျှော့ချရန်အတွက် ပိတ်ဆို့အရေးယူထားသော အီရန်ရေနံများကို ရောင်းချခွင့်ပြု

(နိုင်ငံတကာ)မတ် ၂၁

     အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း အဆမတန် မြင့်တက်နေမှုကို ထိန်းညှိရန်အတွက် အမေရိကန်အစိုးရသည် ပိတ်ဆို့အရေး ယူထားသော အီရန်ရေနံများကို ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်ခွင့်ပြုရန် ဆုံးဖြတ်လိုက်ပြီ ဖြစ် သည်။

    အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ကြာသပတေးနေ့ (မတ်လ ၁၉ ရက်) တွင် Fox Business နှင့် အင်တာဗျူးရာ၌ – “ပင်လယ်ပြင်တွင် သင်္ဘောများဖြင့် တင်ဆောင်ထားပြီးသား (Floating storage) ဖြစ်သော အီရန်ရေနံ စည်ပေါင်း ၁၄၀ သန်း ခန့်ကို ဈေးကွက်အတွင်း ရောင်းချခွင့်ပြုရန် (Unsanction) စဉ်းစားနေသည်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

     ၎င်းနောက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန (OFAC) သည် မတ်လ ၂၀ ရက်နေ့မတိုင်မီ ပင်လယ်ပြင်ရှိ သင်္ဘောများပေါ်တွင် တင်ဆောင်ထားပြီးသား အီရန်ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများကို ရက်ပေါင်း ၃၀ ကြာ (ဧပြီလ ၁၉ ရက်အထိ) တရားဝင် ရောင်းချခွင့်၊ ပေးပို့ခွင့် ပြုသည့် ယာယီကင်းလွတ်ခွင့် (Waiver) ကို ထုတ်ပြန်လိုက်သည်။

     ထိုသို့ ဖြေလျော့ပေးခြင်းသည် ဟော်မုဇ်ရေလက် ကြား ပိတ်ဆို့မှုကြောင့် ရေနံတစ်စည်လျှင် ဒေါ်လာ ၁၂၀ အထိ ခုန်တက်သွားသည့်အတွက် ကမ္ဘာလုံးဆိုင် ရာ စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းရန် ဖြစ်သည်။

     ပင်လယ်ပြင်တွင် သင်္ဘောများဖြင့် သိုလှောင်ထားသော အီရန်ရေနံစည်ပေါင်း ၁၄၀ သန်းခန့် ရှိနေပြီး ၎င်းတို့သည် ဈေးကွက်အတွင်းသို့ ရက်ပိုင်းအတွင်း ဝင်ရောက်လာနိုင်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အမေရိကန်က စွမ်းအင်လိုအပ်ချက် မြင့်မားနေသော မဟာ မိတ်နိုင်ငံများ၏ စီးပွားရေး မပြိုလဲစေရန် ရည်ရွယ်သည်။

     အမေရိကန်သည် အီရန်ကို စစ်ရေးအရ တိုက်ခိုက်နေသော်လည်း တစ်ဖက်တွင် ကမ္ဘာ့စီးပွားရေး အခြေ အနေကြောင့် ယခုကဲ့သို့ စီးပွားရေးအရ ဖြေလျှော့မှုများ ပြု လုပ်လာခြင်းဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကလည်း “ကမ္ဘာကြီး မတည်မငြိမ်ဖြစ်နေချိန်မှာ ရေနံဈေးနှုန်းကို ထိန်းညှိဖို့ လိုက်လျောညီ ထွေရှိတဲ့ မူဝါဒတွေ လိုအပ်တယ်” ဟု ဆိုထားသည်။

     အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်ရဲ့ ဖြေလျှော့မှုကို လှောင်ပြောင်ခဲ့ပြီး “အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေသရွေ့ ပါရှန်းပင်လယ်ကွေ့ထဲကနေ ဘယ်ရေနံတစ်လီတာမှ အပြင်ကို အထွက်မခံဘူး” လို့ တရားဝင် ကြေညာခဲ့သည်။ ဒါဟာ ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားမယ်ဆိုတဲ့ သဘောဖြစ်ပါသည်။

#PositiveAngle #GlobalNews #OilPriceUpdate #USSanctions #IranOilWaiver #EnergyCrisis2026 #IranResponse #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN