
(ပြည်တွင်း) မတ်လ ၂၀
ပြည်နယ် လွှတ်တော် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ ကချင်၊မွန်၊ ရှမ်းနှင့် ကရင်၊ ကယား၊ချင်း ၊ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စာလှယ်များ အသီးသီးရွေးချယ် ခန့်အပ်ခံရကြောင်း သိရသည်ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရာဝမ်ဂျုံး ဦးရားဝမ်ဂျုံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မချမ်းဘောမြို့နယ်မဲဆန္ဒနယ်နှင့် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂ )မိုးညှင်းမြို့နယ်မဲဆန္ဒနယ်အား ခန့်အပ်ရွေးချယ်ခဲ့သည်။
အလားတူ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီပြည်နယ်ပါတီခေတ္တဥက္ကဋ္ဌ ဦးသက်ထွေး(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် မော်လမြိုင်မြို့နယ်နှင့် ဦးမင်းအောင်မြင့်(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်) တို့အား ရွေးချယ်ခန့်အပ်ခဲ့သည်။
ထို့တူရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံးကျော်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစိုင်းထွန်းစိန်တို့အား လည်းကောင်း၊ ကရင်ပြည်နယ်လွှတ်တော်လွှတ်တော်ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီကရင်ပြည်နယ်အတွင်းရေးမှူး ဦးစန်းကိုနှင့်ဒုဥက္ကဋ္ဌအဖြစ် ဦးအေးမင်းထွေးတို့အား လည်းကောင်း၊အသီးသီး ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးမော်ရယ်နှင့် ဒုဥက္ကဋ္ဌအဖြစ်ဦးစိုးရယ်အားလည်းကောင်း၊ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးကောလ်လျန်ထန်နှင့် ဒုဥက္ကဋ္ဌအဖြစ်ဦးသန့်ဇင်ဦးအားလည်းကောင်း၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့် ဒုဥက္ကဋ္ဌအဖြစ် ဦးထင်လင်းဦးတို့အား ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။