


(ပြည်တွင်း) မတ်လ ၂၀
တိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ တနင်္သါရီနှင့် မကွေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌများအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စာလှယ်များ အသီးသီးရွေးချယ် ခန့်အပ်ခံရကြောင်း သိရသည်တနင်္သါရီတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးမြတ်ကို(တိုင်းဒေသကြီးဝန်ကြီးချုပ်)နှင့် ဒု ဥက္ကဌ ဦးခင်မောင်မြင့်တို့အား ရွေးချယ် ခန့်အပ်ခံရကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌအဖြစ်မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဒေါက်တာမောင်မောင်ဌေနှင့် ဒုဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ညိုတို့အား ရွေးချယ်ခန့်အပ်ခံရကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးတင်လှိုင်မြင့်နှင့် ဒုဥက္ကဋ္ဌအဖြစ်ဦးမျိုးသန့်အား ရွေးချယ်ခန့်အပ်ခံရကြောင်း သိရသည်။