
(မှုခင်း) မတ် ၂၀
မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးမြို့၊အမှတ်(၂) ရပ်ကွက်၊ပန်းပဲကုန်းရပ်ရှိ မေတ္တာဆေးဆိုင်၌ အရပ်သားအမျိုးသမီးတစ်ဦး သေ နတ်ဖြင့် အပစ်ခံရကြောင်း သိရသည်။
မတ်လ၁၉ ရက်နေ့ နံနက်၁၁:နာရီ၄၀မိနစ် အချိန်ခန့်တွင် ဒေါ်မေကျော့ရှင်း၊၃၈နှစ်၊(ဘ)ဦးညီညီ၊ဆေးဆိုင်ပိုင် ရှင်၊ပန်းပဲကုန်းရပ်၊အမှတ်(၂)ရပ် ကွက်၊ညောင်ဦးမြို့နေသူသည် ဆေးဆိုင်ဝန်ထမ်း ၃ဦးနှင့်အတူ ဆေးဆိုင်အတွင်းဆေးရောင်းနေစဉ် အသက် ၂ဝကျော်ခန့်၊အရပ် ၅ပေ ၄လက်မခန့်၊အကြမ်းဖက်အမျိုး သား ၂ဦး ဆိုင်ကယ် ၁စီးဖြင့် ရုံးညောင်ပင်ဆိပ်ကမ်းဘက်မှ ရောက်ရှိလာပြီး ဗိုက်အောင့်၍ ဆေးဝယ်လိုကြောင်းပြောဆိုကာ ဆေးလာဝယ်သဖြင့် ဒေါ်မေကျော့ရှင်းမှ ဆေးစပ်၍ရောင်းခဲ့ရာ ၎င်းအမျိုး သား ၂ဦး ဆေးဝယ်ပြီး ပြန်ထွက်သွားကြောင်း သိရသည်။
၎င်းအကြမ်းဖက်အမျိုးသား ၂ဦးမှာ နံနက်၁၁နာရီ၄၅မိနစ် အချိန်ခန့်တွင် ဆေးဆိုင်သို့ ပြန်လည်ရောက်ရှိလာပြီး ဒေါ်မေကျော့ရှင်းအား ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ရာ ဒေါ်မေကျော့ရှင်းတွင် ဝဲ-ပုခုံး ကျည်ဖောက်ဝင် ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊အကြမ်း ဖက်အမျိုးသား ၂ ဦး မှာ ရုံးညောင် ပင်ဆိပ်ကမ်းဘက်သို့ ပြန်လည်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါဒဏ်ရာရရှိခဲ့သည့် ဒေါ်မေကျော့ရှင်းအား ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံသို့တင်ပို့ကုသထားကြောင်း သေနတ်ဖြင့် ပစ်ခတ်သွားသည့် အကြမ်းဖက်အမျိုးသား ၂ဦးတို့အား သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ပိတ်ဆို့ရှင်းလင်း ရှာဖွေလျက်ရှိကြောင်း သိရသည်။
#PAN