အသက် ၇၃ နှစ်အရွယ် ရက်ပ်အဆိုတော် Pete Bowditch ဝေဟင်မှာ ဖျော်ဖြေရင်း သတိလစ်သွားခဲ့

(နိုင်ငံတကာ)မတ် ၂၀

     အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာ ယမန်နေ့က ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုအတွင်း အသက် ၇၃ နှစ်အရွယ် ရက်ပ်အဆိုတော် Pete Bowditch ဟာ ပရိသတ်တွေကို အံ့အားသင့်စေမယ့် ဝေဟင်ပျံကွက် (Suspended Midair) ပြုလုပ်ဖျော်ဖြေစဉ် ရုတ်တရက် သတိလစ်သွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

     ExxAlerts က ဖော်ပြတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ Bowditch ကို ဝေဟင်မှာ ဆွဲတင်ထားတဲ့ ဘေးကင်းလုံခြုံရေး ကြိုးသိုင်း (Harness) ဟာ သူ့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်း သွေးလှည့်ပတ်မှုကို ပိတ်ဆို့သွားစေခဲ့တာကြောင့် ဖြစ်ပါတယ်။ သွေးလည်ပတ်မှု ရပ်တန့်သွားတာကြောင့် ဦးနှောက်ဆီ အောက်ဆီဂျင် မရောက်တော့ဘဲ ဖျော်ဖြေနေရင်း ဝေဟင်မှာတင် သတိလစ် (Pass out) သွားခဲ့တာ ဖြစ်ကြောင်း သိရသည်။

     ကံကောင်းထောက်မစွာနဲ့ပဲ အဖွဲ့သားတွေက သူ့ကို အချိန်မီ မြေပြင်ပေါ် ပြန်လည်ချပေးနိုင်ခဲ့ပြီး လိုအပ်တဲ့ ရှေးဦးသူနာပြုစုမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ Pete Bowditch ဟာ ပြန်လည်သက် သာလာပြီဖြစ်ကြောင်းနဲ့ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း သိရသည်။

Pete Bowditch ဟာ အသက်အရွယ်ကြီးရင့်ပေမဲ့ လူငယ်တွေလိုပဲ စွန့်စားတဲ့ ဖျော်ဖြေမှုတွေကို နှစ်သက်သူဖြစ်သည်။ ဝေဟင်မှာ ကြိုးနဲ့ဆွဲပြီး ဖျော်ဖြေတဲ့အခါ ကြိုးသိုင်း (Harness) တပ်ဆင်ပုံ မမှန်ကန်ရင် သို့မဟုတ် ကြာရှည်စွာ ဆွဲထားရင် “Harness Hang Syndrome” လို့ခေါ်တဲ့ သွေးလှည့်ပတ်မှုဆိုင်ရာ အန္တရာယ် ကြုံတွေ့ရလေ့ ရှိတဲ့အတွက် သတိထားရန် လိုအပ်သည်။

     အသက်အရွယ်ကြီးရင့်ပေမဲ့ စွန့်စားမှုတွေကို နှစ် သက်တဲ့ အဆိုတော်ကြီးရဲ့ ဖျော်ဖြေမှု ဗီဒီယိုကတော့ ယခုလက်ရှိ လူမှုကွန်ရက်မှာ နာမည်ကြီးနေပါသည်။

#PositiveAngle #PeteBowditch #ChicagoNews #LivePerformance #Rapper #HealthAlert #ViralVideo #ExxAlerts

Telegram»…
https://t.me/positiveanglenews

#PAN