
(နိုင်ငံတကာ)မတ် ၁၉
အမေရိကန် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး (DNI) Tulsi Gabbard သည် အထက်လွှတ် တော် ထောက်လှမ်းရေးကော်မတီတွင် အီရန်၏ နျူက လီးယားစွမ်းရည်နှင့် ပတ်သက်၍ ထွက်ဆိုခဲ့ရာ၌ သမ္မတ ဒေါ်နယ်ထရန့်၏ စစ်ပွဲဆင်နွှဲရခြင်း အကြောင်း ပြချက်များကို အားနည်းသွားစေသည့် အချက် အလက်များ ပါဝင်နေသဖြင့် နိုင်ငံရေးအရ ဂယက် ရိုက်ခတ်မှုများ ပြင်းထန်နေသည်။
Gabbard ၏ စာဖြင့်ရေးသားထားသော သက်သေထွက်ဆိုချက်အရ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ‘Operation Midnight Hammer’ လေကြောင်းတိုက် ခိုက်မှုကြောင့် အီရန်၏ နျူကလီးယားသန့်စင်မှု အစီ အစဉ်များမှာ လုံးဝဥဿုံ ပျက်စီးသွားခဲ့ကြောင်း (Obliterated) အတည်ပြုခဲ့သည်။ ထို့ပြင် ထိုအချိန်မှစ၍ လက်ရှိအချိန်အထိ အီရန်ဘက်မှ နျူကလီးယားသန့်စင်နိုင်စွမ်းကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းသည့် လက္ခဏာတစ်စုံတစ်ရာ မတွေ့ရကြောင်း ထောက်လှမ်းရေးအသိုက်အဝန်းက သုံးသပ်ထား သည်။
သမ္မတထရန့်နှင့် ၎င်း၏ ထိပ်တန်းအရာရှိများသည် သံတမန်နည်းလမ်းများကို စွန့်လွှတ်ကာ စစ်ရေးအရ အရေးယူရခြင်းမှာ “အီရန်သည် ရက်သတ္တပတ်အနည်း ငယ်အတွင်း နျူကလီးယားဗုံး ပိုင်ဆိုင်တော့မည်” ဆိုသည့် ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှု (Imminent Threat) ကြောင့်ဖြစ်သည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သည်။ သို့သော် Gabbard ၏ ထွက်ဆိုချက်သည် ထိုအချက်ကို တိုက်ရိုက်ပယ်ချလိုက်သကဲ့သို့ ဖြစ်နေသည်။
မှတ်သားစရာကောင်းသည်မှာ Gabbard သည် ၎င်း၏ စာဖြင့်ရေးသားထားသော ထွက်ဆိုချက်ပါ ထိုအချက်ကို လူသိရှင်ကြား ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်နေသည့် နှုတ်ဖြင့်ထွက်ဆိုချက်အတွင်း ဖတ်ကြားခဲ့ခြင်း မရှိပေ။ ထိုသို့ ချန်လှပ်ထားခဲ့ခြင်းမှာ သမ္မတထရန့်နှင့် သဘောထားကွဲလွဲမှုကို ဖုံးကွယ်လို၍ဖြစ်သည်ဟု ဒီမိုကရက်တစ် အမတ်များက ဝေဖန်ခဲ့ကြသည်။
အီရန်သည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်း မရှိကြောင်း နှစ်ပေါင်းများစွာ ငြင်းဆိုလာခဲ့သလို၊ ဗြိတိန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအကြံပေး Jonathan Powell ကလည်း အီရန်၏ ရပ်တည်ချက်သည် ချက်ချင်းလက်ငင်း စစ်ပွဲဆင်နွှဲရန်အတွက် ခိုင်လုံသော အကြောင်းပြချက် မရှိကြောင်း သုံးသပ်ခဲ့သည်။
အမေရိကန်ပြည်တွင်းဥပဒေအရ သမ္မတများသည် “ချက်ချင်းလက်ငင်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန်” (Immediate Self-defence) လိုအပ်မှသာ လွှတ် တော်ခွင့်ပြုချက်မပါဘဲ စစ်တပ်ကို အသုံးပြုခွင့်ရှိသည်။ အကယ်၍ အီရန်သည် ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှု မဟုတ်ကြောင်း သက်သေပြနိုင်ပါက သမ္မတထရန့်၏ စစ်ပွဲဆင်နွှဲမှု ဆုံးဖြတ်ချက်သည် ဥပဒေကြောင်းအရ အကျပ်ရိုက်စရာ ဖြစ်လာမည်ဖြစ်သည်။
အိမ်ဖြူတော်အစိုးရသည် စစ်ပွဲစတင်ရန်အတွက် တစ်ခုတည်းသော ခိုင်လုံသည့် အကြောင်းပြချက်ကို ချပြနိုင်ခြင်း မရှိသေးဘဲ၊ အီရန်၏ ပဲ့ထိန်းဒုံးကျည် စွမ်းရည်များ၊ အစ္စရေးနှင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များအပေါ် ကျရောက်နိုင်သည့် ခြိမ်း ခြောက်မှုများအပြင် ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော် လှန်ရေးနောက် ပိုင်း အီရန်အစိုးရ၏ လုပ်ဆောင်ချက်အားလုံး (Totality of Actions) ကိုပါ ထည့်သွင်းညွှန်ပြလျက်ရှိသည်။
နိုင်ငံတကာဥပဒေအရ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ရန် ထရန့်၏ ဆုံးဖြတ်ချက်သည် တရားဝင်မှု ရှိ၊ မရှိ ဆုံးဖြတ်ရာတွင် ‘ချက်ချင်းလက်ငင်း ကျရောက်လာမည့် ခြိမ်းခြောက်မှု (Imminent Threat)’ ဟူသော အယူအဆမှာ အလွန်အရေးကြီးပါသည်။
ထို့အတူ အမေရိကန်ပြည်တွင်းဥပဒေအရလည်း ဤအချက်မှာ အရေးပါလှသည်။ အကြောင်းမှာ အမေရိကန်သမ္မတများသည် ‘ချက်ချင်းလက်ငင်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် (Immediate Self-defence)’ လိုအပ်သည့် အခြေအနေမျိုးတွင်သာ စစ်တပ်ကို အသုံး ပြုခွင့်ရှိသောကြောင့် ဖြစ်သည်။ လွှတ်တော် (Congress) ကသာ စစ်ကြေညာခြင်း သို့မဟုတ် ကာလရှည် စစ်ဆင်ရေးများ ဆင်နွှဲခြင်းကို တရားဝင် ခွင့်ပြုပိုင်ခွင့်ရှိသည်။
#PositiveAngle #BreakingNews #USIranWar2026 #TulsiGabbard #IntelligenceFailure #WhiteHouseUpdate #MiddleEastCrisis
Telegram»…
https://t.me/positiveanglenews
#PAN