အောင်မြေသာစံမြို့နယ်ရှိ နေအိမ် ၁လုံး ဓားမြတိုက်ခံရ

(မှုခင်း)မတ်လ ၁၆

မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်၊အမရဌာနီအရှေ့ရပ်ကွက်၊အကွက် (၂၂)၊၇၆×၇၈ လမ်းကြား၊၈×၉လမ်း ကြားရှိ နေအိမ်တွင် ဓမြတိုက်ခံရကြောင်း သိရသည်။

ယမန်နေ့ ညနေ ၄နာရီအချိန်က အမရဌာနီအရှေ့ရပ်ကွက်ရှိ ဦးသောင်းအေး၏‌နေအိမ်တွင်‌ အိမ်ငှားနေထိုင်သူ မနှင်းနုခိုင်၊၃၆နှစ်၊နှင့် ကလေးသုံးယောက်တို့‌ ‌‌ နေအိမ်၌ရှိ‌နေစဉ်အမည်မသိအမျိုးသား ၂ဦးမှ ခြေ လျင်ရောက်လာပြီး ပစ္စည်းလာပို့ သည်ဟုပြောကာ နေအိမ်အတွင်းဝင်ရောက်ပြီး သမီးဖြစ်သူ မသဉ္ဇာနွယ်၊၈နှစ်အား နောက်မှ သိုင်းချုပ်ကာ မအော်နဲ့နော်ဟုပြော၍ ဖမ်းချုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းအမျိုးသား ၂ဦးအနက် တစ်ဦးက နံရံမှ သေတ္တာသော့အားဖြုတ်ယူ၍ သေတ္တာအားဖွင့်ကာ အထဲရှိခရီးဆောင်အိတ်အတွင်းမှ ငွေသားကျပ်သိန်း ၂၂၀၊ရွှေငါးကျပ်သား ၂တုံး၊ လက်ဝတ်လက်စားရွှေထည်ပစ္စည်း ၆မျိုးခန့်နှင့် သွေးပြီးသား ကျောက် စိမ်းပွင့် ၅၀ ခန့်တို့အား ယူဆောင်ထွက်ပြေးသွားကြကြောင်း သိရသည်။

အဆိုပါ အမျိုးသား ၂ဦးတို့တွင် အရိုးပန်းရောင် ကတ်ကြေးတစ်လက်ပါရှိကြောင်း၊ဖြစ်စဉ်ဖြစ်ပွားရာနေအိမ်သို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများ ရောက်ရှိစစ်ဆေးကာ အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများစစ်ဆေးခြင်းနှင့် တရားခံများဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။