
(နိုင်ငံတကာ)မတ် ၁၆
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့၏ အခြေ ခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် “တိကျပြီး အကန့်အသတ်ရှိသော မြေပြင်စစ်ဆင်ရေးများ” ကို စတင်လိုက်ပြီဖြစ်ကြောင်း ယနေ့တွင် တရား ဝင် ထုတ်ပြန်ကြေညာခဲ့သည်။
အစ္စရေး၏ အဓိက ပစ်မှတ်များမှာ အစ္စရေးမြောက်ပိုင်းရှိ အရပ်သားကျေးရွာများကို ခြိမ်းခြောက်နေသည့် နယ်စပ်အနီးရှိ ဟစ်ဇ်ဘိုလာတို့၏ လက်နက် တိုက်များ၊ ဒုံးကျည်ပစ်စင်များနှင့် မြေအောက်လှိုင်ဂူများ ဖြစ် သည်ဟု ဆိုသည်။
မြေပြင်တပ်ဖွဲ့များကို အစ္စရေးလေတပ်နှင့် အမြှောက်တပ်ဖွဲ့များက အနီးကပ်ပစ်ကူပေးလျက်ရှိပြီး လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာအချို့ကိုလည်း ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် အစ္စရေးဘက်က သတိပေးချက်များ ထုတ်ပြန်ထား သည်။

အစ္စရေးအစိုးရက ဤစစ်ဆင်ရေးသည် အစ္စရေးမြောက်ပိုင်းသားများ ၎င်းတို့၏ နေအိမ်များသို့ ဘေးကင်းစွာ ပြန်လာနိုင်ရေးအတွက် လုံခြုံရေးဇုန် (Security Zone) တစ်ခု ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။
သမ္မတ ဒေါ်နယ်ထရန့် ဦးဆောင်သည့် အမေရိကန်အစိုးရသည် အစ္စရေး၏ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ကို အပြည့်အဝ ထောက်ခံကြောင်း ပြသထားသော်လည်း၊ ပဋိပက္ခသည် ဒေသတွင်းစစ်ပွဲကြီးအဖြစ်သို့ ကူးစက်သွားမည်ကို နိုင်ငံတကာက စိုးရိမ်လျက်ရှိသည်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ (UNIFIL) ကမူ နယ်စပ်တစ်လျှောက် တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အပေါ် အထူးသတိပေးထားသည်။
ဟစ်ဇ်ဘိုလာအဖွဲ့ဘက်ကလည်း အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည်များဖြင့် ဆက်တိုက် လက်တုံ့ပြန်ပစ်ခတ်နေပြီး မြေပြင်သို့ ကျူးကျော်ဝင်ရောက်လာသည့် အစ္စရေးတပ်များကို ပြင်းပြင်းထန်ထန် ခုခံသွားမည်ဟု ကြေညာထားသဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာမည့် အလားအလာရှိနေသည်။
#PositiveAngle #BreakingNews #IDF #LebanonConflict #Hezbollah #MiddleEastWar #GroundOperation #WorldUpdate2026
Telegram»…
https://t.me/positiveanglenews
#PAN