စက်သုံးဆီ QR Code စကင်ဖတ်စစ်ဆေးပြီးမှ ဆီဖြည့်ပေးသည့်စနစ်ကြောင့် ယာဉ်ပိုင်ရှင်များ အခက်အခဲနှင့် ပြဿနာများစွာ ကြုံတွေ့နေရ


(ပြည်တွင်း) မတ် ၁၄

     စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်သက်သေ ခံလက်မှတ် (Wheel Tax/Registration Card) ကို QR Code စကင်ဖတ်စစ်ဆေးပြီးမှ ဆီဖြည့်ပေးသည့်စနစ်ကြောင့် ယာဉ်ပိုင်ရှင်များ အခက်အခဲနှင့် ပြဿနာများစွာ ကြုံတွေ့နေရကြောင်း သတင်းများ ထွက်ပေါ်နေ သည်။

     အချို့ယာဉ်များတွင် မိမိတို့၏ ဝှီးတက်ကို စကင်ဖတ်သော်လည်း စနစ်အတွင်း အချက်အလက်မပေါ်ခြင်း၊ သို့မဟုတ် ယာဉ်အမျိုးအစား လွဲမှားနေခြင်းများကြောင့် ဆီဖြည့်မရဘဲ ပြန်လှည့်ခဲ့ရသည့် ဖြစ်စဉ်များ ရှိနေပါသည်။

     အင်တာနက်လိုင်း မကောင်းခြင်း သို့မဟုတ် ဆာဗာ (Server) ကျနေခြင်းများကြောင့် စကင်ဖတ်ရာတွင် ကြန့်ကြာမှုများရှိနေပြီး ဆီဆိုင်များတွင် ကားတန်းကြီးများ ပိုမိုရှည်လျားလာကာ အချိန်ကုန်ခဲမှုများ ကြုံတွေ့နေရသည်။

     ယာဉ်အမျိုးအစားအလိုက် တစ်နေ့လျှင် ဖြည့်တင်းနိုင်သည့် ဆီပမာဏ ကန့်သတ်ထားခြင်းကြောင့် ခရီးဝေးသွားမည့်သူများနှင့် လုပ်ငန်းသုံးယာဉ်မောင်းများအတွက် အခက်အခဲဖြစ်စေသည်။ အထူးသဖြင့် ဝှီးတက်အသစ်လဲထားသော်လည်း စနစ်ထဲတွင် Update မဖြစ်သေးပါက ဆီဖြည့်ခွင့် ငြင်းပယ်ခံရမှုများ ရှိနေ သည်။

     ယာဉ်ပိုင်ရှင်များအနေဖြင့် ဆီမဖြည့်မီ မိမိတို့၏ ဝှီးတက် QR အလုပ်လုပ်၊ မလုပ် ကြိုတင်စစ်ဆေးထားရန်နှင့် လိုအပ်သည့် အထောက်အထားများ ပြည့်စုံစွာ ယူဆောင်သွားရန် လိုအပ်ပါသည်။

#PositiveAngle #MyanmarFuel #FuelCrisis #QRCodeSystem #WheelTax #YangonTraffic #ConsumerRights #EnergyNews

Telegram»…
https://t.me/positiveanglenews
#PAN