ရေစကြိုမြို့နယ် PDF စခန်းများကို တပ်မတော်က စီးနင်းတိုက်ခိုက်

(ပြည်တွင်း) မတ် ၁၄

     မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းမှာရှိသည့် မိဖုရားရွာနှင့် နန်းဦးရွာအနီးရှိ အကြမ်းဖက်သောင်းကျန်းသူ PDF စခန်း (၂) ခုကို တပ်မတော်က ယနေ့ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ PDF အဖွဲ့ဝင် (၆) ဦး သေဆုံးခဲ့သည်ဟု သိရသည်။

     ရပ်ကျေးအခြေစိုက် PDF စခန်း ၂ ခု ရုတ်တရက် စီးနင်းခံခဲ့ရခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF အလောင်းများနှင့်အတူ စခန်းအတွင်းရှိ လက် နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက နယ်မြေစိုးမိုးရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

     အဆိုပါ​ဖြစ်စဥ်တွင် သေဆုံးသူများမှာ ကိုကျော်မင်းထိုက်၊ ကိုဇော်လင်း၊ ကိုဖိုးထောင် နှင့် ကိုဝင်းကို တို့ ပါဝင်ပြီး ကျန် ၂ ဦး၏ အမည်ကို စုံစမ်းဆဲဖြစ် ကြောင်း သိရသည်။

#PositiveAngle #YesagyoNews #MagwayRegion #PDFConflict #MyanmarCoup2026 #BreakingNewsMyanmar #ConflictUpdate

Telegram»…
https://t.me/positiveanglenews
#PAN