အမေရိကန်နှင့် တောင်ကိုရီးယားတို့  နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေစဥ် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်

(နိုင်ငံတကာ)မတ် ၁၄

     တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) ၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီကျော်အချိန်ခန့်တွင် ပဲ့ထိန်းဒုံးကျည် (Ballistic Missiles) စုစုပေါင်း ၁၀ စင်းခန့် ကို ပြုံယမ်းဒေသမှနေ၍ အရှေ့ဘက်ပင်လယ်ပြင်အတွင်းသို့ ဆက်တိုက်ပစ်လွှတ်ခဲ့သည်ဟု သိရသည်။

     ယခုပစ်လွှတ်မှုသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းပြုလုပ်နေသည့် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများ (Military Drills) ကို တုံ့ပြန်ခြင်း ဖြစ် သည်။ မြောက်ကိုရီးယားက အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို ၎င်းတို့နိုင်ငံအား ကျူးကျော်ရန် ပြင်ဆင်မှုအဖြစ် ရှုမြင်ပြီး စစ်ရေးအရ ခြိမ်းခြောက်မှုအဖြစ် တုံ့ပြန်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

     တစ်ကြိမ်တည်းမှာပင် ဒုံးကျည်အစင်းရေ အမြောက်အမြား (၁၀ စင်းခန့်) ပစ်လွှတ်ခြင်းသည် ဒုံးကျည်ကာကွယ်ရေးစနစ်များကို ကျော်ဖြတ်နိုင်စွမ်းရှိကြောင်း ပြသလိုသည့် ရည်ရွယ်ချက်ရှိနိုင်သည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။

     မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်များသည် ဂျပန်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန် (EEZ) အတွင်းသို့ ကျရောက်ခဲ့ခြင်း မရှိဘဲ ဂျပန်ပင်လယ်ပြင် (Sea of Japan) အတွင်းရှိ ဂျပန်နိုင်ငံပိုင်နက် အပြင်ဘက်ကိုသာ ကျရောက်ခဲ့သည်ဟု ဂျပန်အစိုးရက ထုတ်ပြန်ထားသည်။

     ယခုပစ်ခတ်မှုကြောင့် ဂျပန်ရေပိုင်နက်အတွင်းရှိ သင်္ဘောများနှင့် လေယာဉ်များ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း အတည်ပြုထားသည်။ ဂျပန်အစိုးရက မြောက်ကိုရီးယား၏ အဆိုပါ လုပ်ရပ်အပေါ် ပေကျင်းမြို့ရှိ သံရုံးလမ်းကြောင်းမှတစ်ဆင့် ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

    တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က မြောက်ကိုရီးယားရဲ့ ထပ်မံလာမည့် ရန်စမှုများကို ချက်ချင်းတုံ့ပြန်နိုင်ဖို့အတွက် “အပြည့်အဝ စစ်အသင့်ပြင်ဆင်မှုစနစ်” (Full Readiness Posture) ကို ပြောင်းလဲသတ်မှတ်လိုက်သည်။

     လက်ရှိပြုလုပ်နေသည့် အမေရိကန်-တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းခြင်းမရှိဘဲ၊ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ဟန့် တားနိုင်ဖို့အတွက် “ပိုမိုပြင်းထန်တဲ့ ပူးတွဲစစ်ရေးအင်အားပြသမှု” တွေ ပြုလုပ်သွားမယ်လို့ ဆိုပါသည်။

#PositiveAngle #NorthKorea #BallisticMissile #SouthKorea #USA #MilitaryDrills #BreakingNews #AsiaPolitics #Pyongyang

Telegram»…
https://t.me/positiveanglenews

#PAN