



(မိုး/ဇလ) မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စုနံကပ်ကြီးကျေးရွာတွင် မတ်လ (၁၁)ရက် ညနေ (၆) နာရီခန့်က အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် (၇)လုံးနှင့် ဂိုထောင်အလွတ်တစ်လုံး အမိုးလန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အလားတူ မြန်အောင်မြို့နယ်၊ သက္ကယ်ကုန်းကျေးရွာအုပ်စု၊ အုန်းနှဲအင်းကျေးရွာတွင် မတ် (၁၁) ရက် ညနေ ၆နာရီခွဲခန့်အချိန်၌ မိုးရွာသွန်ပြီး ရုတ်တရက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၉)လုံး၊ စာသင်ကျောင်း(၃)လုံး၊ ဂိုဒေါင်အလွတ်(၁)လုံး အမိုးလန်/ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဥ်များကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒ-ဏ်ရာခြင်းမရှိကြောင်းနှင့် ဒေသအာဏာပိုင်များမှ အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။