

(မှုခင်း) မတ်လ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ (၃၈x၃၉)နှင့်(၈၆x၈၇)ကြား မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းရှိ ဆိုင်ခန်းအချို့ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ်လ၁၀ရက်နေ့ ည၆နာရီခွဲကျော်အချိန်က တာမခန်ဆောင်နဲ့လုံးဆောင်ကြား အရှေ့တောင်ပေါက်အနီးတွင် ကျောက်ဝိုင်းအတွင်းရှိ ဆိုင်ခန်းတစ်ခန်းအတွင်း ဝါယာ
ရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကာ မီးလောင်မှုကြောင့် ဆိုင်ခန်း(၃)ခန်း မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ Level 1 ယာဥ်အုပ်စုများ ထွက်ခွာမီးငြှိမ်းသတ်ပေးခဲ့ရပြီး ညနေ ၆နာရီ၅၂မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ရကြောင်း သိရသည်။