စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း တီဟီရန်တွင် အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွား

(နိုင်ငံတကာ)မတ် ၁၁

     အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ “Operation Epic Fury” စစ်ဆင်ရေး စတင်ခဲ့ချိန်ကစလို့ အီရန်မြို့တော် တီဟီရန်(Tehran) ကို “အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ည” ကို ကြုံတွေ့ခဲ့ရတယ်လို့ Aljazeera ဖော်ပြထားပါတယ်။

     တိုက်ခိုက်မှုများသည် တီဟီရန်မြို့ပတ်ဝန်းကျင်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ၊ ဒုံးကျည်စခန်းများနှင့် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ အဓိက ကွပ်ကဲမှုစခန်းများကို ဦးတည်ခဲ့ခြင်းဖြစ်သည်။

     ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့တော်တစ်ခွင်တွင် မီးခိုးလုံးကြီးများ မြင်တွေ့နေရပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်များ (Air Defense Systems) ကလည်း အဆက်မပြတ် ပြန်လည်ခုခံနေရကြောင်း သိရသည်။

     ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ အစ္စရေး နှစ်နိုင်ငံစလုံး ပူးပေါင်းလုပ်ဆောင်တဲ့ စစ်ဆင်ရေးဖြစ်ပြီး အစ္စရေးလေတပ် (IAF) ရဲ့ F-35, F-15 နဲ့ F-16 တိုက် လေယာဉ်တွေက အီရန်ပိုင်နက်ထဲကို ချဉ်းကပ်ပြီး ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

     အမေရိကန်ကတော့ ပင်လယ်ကွေ့အတွင်းရှိ သင်္ဘောများမှ Tomahawk Cruise Missiles ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို၊ အစ္စရေးလေယာဉ်တွေအတွက် လေထဲမှာ ဆီဖြည့်ပေးတာနဲ့ ထောက်လှမ်းရေးသတင်း (Intelligence Support) ပေးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

     သတင်းရင်းမြစ်တွေရဲ့ ကနဦးခန့်မှန်းချက်အရ တီဟီရန်နဲ့ အနီးတဝိုက်ကို ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်အရေ အတွက်ဟာ ၁၅၀ မှ ၂၀၀ ကြား ရှိတယ်လို့ သိရပါတယ် ။  အမေရိကန်သင်္ဘောတွေကနေ Tomahawk Missiles အလုံးရေ ၅၀ ကျော် ပစ်ခတ်ခဲ့ပါတယ်။ အစ္စရေးတိုက်လေယာဉ်တွေကနေ အီရန်လေကြောင်းရန်ကာကွယ်ရေးကွင်းပြင်ပကနေ ပစ်ခတ်နိုင်တဲ့ Stand-off Missiles ဒုံးကျည်အလုံးရေ ၁၀၀ ကျော် ကို အသုံးပြုခဲ့ပါတယ်။

     တီဟီရန်မြို့တော်အပေါ် အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်အတွင်း အီရန်၏ အမြင့်ဆုံးခေါင်း ဆောင် အယာတိုလာ အလီခါမေနီ အပါအဝင် ထိပ်သီးခေါင်းဆောင်များကို ဘေးကင်းလုံခြုံသည့် နေရာများသို့ အရေးပေါ် ရွှေ့ပြောင်းထားကြောင်း သိရသည်။

     တိုက်ခိုက်မှုများသည် IRGC ၏ ကွပ်ကဲမှုစခန်းများကို အဓိက ဦးတည်ခဲ့ပြီး တပ်မှူးအချို့ ထိခိုက်မှုရှိနိုင် သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အီရန် ဘက်က အတည်မပြုသေးပေ။

     အီရန်အစိုးရသည် ခေါင်းဆောင်ပိုင်းအား ကာကွယ်ရန်အတွက် အထူးလုံခြုံရေးအစီအစဉ်များကို ကျင့်သုံးနေပြီး မြို့တော်အတွင်း ဆက်သွယ်ရေးများကိုလည်း ကန့်သတ်ထားသည်ဟု သိရပါသည်။

#PositiveAngle #IranLeadership #Khamenei #IRGC #TehranUnderFire #MiddleEastCrisis #BreakingNews
Telegram»…
https://t.me/positiveanglenews

#PAN