မိတ္ထီလာမြို့နယ်တွင် နေအိမ်အပေါ်ထပ်ရှိ ပလပ်ခုံအပူရှိန်လွန်ကဲပြီးဝါယာရှော့ဖြစ်ရာက မီးလောင်မှုဖြစ်ပွား

(မှုခင်း)မတ်လ ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်ချမ်းသာ၂ လမ်းတွင် ယနေ့မွန်းလွဲ၁နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်ဖြစ်စဥ်မှာ နေအိမ်အပေါ်ထပ်ရှိ ပလပ်ခုံအပူရှိန်လွန်ကဲပြီးဝါယာရှော့ဖြစ်ရာက မီးလောင်မှုဖြစ်ပွားကြောင်း သိရပြီး မိတ္ထီလာခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၆)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၁နာရီခွဲအချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ်၆လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ မီးလောင်ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာတာဝန်​ရှိသူများမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။