ဘာရိန်းရေနံချက်စက်ရုံကို အီရန်ဒုံးကျည်ထိမှန် စွမ်းအင်ကဏ္ဍ အကြီးအကျယ် ထိခိုက်မှုဖြစ်ပေါ်

(နိုင်ငံတကာ)မတ် ၁၀

     အရှေ့အလယ်ပိုင်းတင်းမာမှုများအတွင်း ဘာရိန်းနိုင်ငံ၏ အဓိကရေနံချက်စက်ရုံကို အီရန်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ပြင်းထန်သော ပေါက်ကွဲမီးလောင်မှုများ ဖြစ်ပွားကာ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

     ယမန်နေ့ ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် အီရန်ဒရုန်းများဖြင့် Sitra ဒေသရှိ ရေနံချက်စက်ရုံအနီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဤဖြစ်စဉ်တွင် အရပ် သား ၃၂ ဦး (ကလေးငယ်များအပါအဝင်) ဒဏ်ရာရရှိခဲ့ကာ ၄ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည်။ ဤတိုက်ခိုက်မှုကြောင့် စက်ရုံလုပ်ငန်းစဉ်များ ထိခိုက်ခဲ့ရပြီး မတ်လ ၉ ရက် နေ့လယ်ပိုင်းမှာတော့ Bapco ကုမ္ပဏီက တရားဝင် Force Majeure (မလွှဲမရှောင်သာသောအခြေအနေကြောင့် စာချုပ်ပါအတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိတော့ကြောင်း) ကြေညာခဲ့ရသည်။

      အီရန်က ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး တိုက် ခိုက်ခဲ့တဲ့ ဖြစ်စဉ်ဟာ (၂) ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ် တိုက်ခိုက်ခံရမှုမှာ ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်(ကြာသပတေးနေ့) ဒေသစံတော် ချိန် ညနေပိုင်းတွင် ရေနံချက်စက်ရုံဝန်းအတွင်းရှိ ယူနစ်တစ်ခုကို ဒုံးကျည်ထိမှန်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း အချိန်မီငြှိမ်းသတ်နိုင်ခဲ့ကာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါ။

     ဤတိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း (Brent Crude) သည် တစ်စည်လျှင် ၁၁၅ ဒေါ်လာ ကျော်အထိ မြင့်တက်သွားခဲ့သည်။

     အီရန်သည် အမေရိကန်၏ မဟာမိတ်နိုင်ငံများရှိ စီးပွားရေးအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခြင်းဖြင့် စစ်ရေးဖိအားပေးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

#PositiveAngle #BahrainOilRefinery #IranAttack #EnergyWar #OilPriceHike #MiddleEastCrisis #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN