

(စီးပွားရေး) မတ်လ ၉
ပြည်တွင်းသို့ စက်သုံးဆီသင်္ဘော ၁၄ စီး စဥ်ဆက်မပြတ် ထပ်မံဝင်ရောက်လာတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက မတ် ၈ ရက်ညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ထုတ်ပြန်ချက်မှာတော့ “မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံဖို့အတွက် စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိပြီး ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို စက်သုံးဆီတင်သင်္ဘော ၁၄ စီး ထပ်မံဝင်ရောက်လာမယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့က သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး သင်္ဘော (၂)စီး ရှိခဲ့သလို လမ်းခရီးမှာ သင်္ဘော (၄)စီး၊ ဆီတင်နေတဲ့ သင်္ဘော (၃)စီးနဲ့ ဆီတင်ဖို့စောင့်ဆိုင်းနေတဲ့ သင်္ဘော (၅) စီး စုစုပေါင်း စက်သုံးဆီသင်္ဘော ၁၄ စီး ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းမှာ စိုးရိမ်စိတ်နဲ့ စက်သုံးဆီတွေ ဝယ်ယူစုဆောင်းမှု မဖြစ်ပေါ်စေဖို့နဲ့စက်သုံးဆီ ခြိုးခြံ ချွေတာသုံးစွဲနိုင်စေရေး ကြပ်မတ်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။