
(နိုင်ငံတကာ) မတ် ၉
တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး ဥပဒေပြုအဖွဲ့ဖြစ်တဲ့ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အရည်အသွေးပြည့် ဥပဒေပြုရေးလုပ်ငန်းတွေကိုနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုခဲ့တယ်လို့ တရားဝင်အစီရင်ခံစာတစ်ခုအရ သိရပါတယ်။
ဒီနေ့ မတ် ၉ ရက်နေ့မှာပြုလုပ်တဲ့ ၁၄ ကြိမ်မြောက် NPC စတုတ္ထအကြိမ်မြောက် ညီလာခံကို တင်သွင်းခဲ့တဲ့ အဆိုပါအစီရင်ခံစာအရ NPC အမြဲတမ်းကော်မတီဟာ စီးပွားရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုတွေကို အားကောင်းလာစေဖို့ ဆောင်ရွက်ခဲ့ပြီး ယမန်နှစ်အတွင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို အတည်ပြုခဲ့သလို တန်းတူရေးဆက်ဆံမှု၊ မျှတသောယှဉ်ပြိုင်မှုနဲ့ အတူတကွဖွံ့ဖြိုးတိုးတက်ရေး မူဝါဒတွေ ရှင်းလင်းပြဋ္ဌာန်းခဲ့ပြီး မျှတမှုမရှိတဲ့ ဈေးကွက်ပြိုင်ဆိုင်မှုဆိုင်ရာ ဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ခဲ့ရာ ဥပဒေစိုးမိုးမှုအခြေပြု ချေးငွေစီးပွားရေးစနစ် ဖော်ဆောင်ရေးတွင် အရေးပါတယ်လို့ သိရပါတယ်။
နိုင်ငံတကာစံနှုန်းတွေနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ ပင်လယ်ရေကြောင်းဥပဒေ၊ ခုံသမာဓိစီရင်ခြင်းဆိုင်ရာဥပဒေနဲ့ နိုင်ငံခြားကုန်သွယ်မှုဥပဒေတို့ကိုလည်း ပြင်ဆင်ခဲ့ပြီး အဆင့်မြင့် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်းဖြစ်တယ်လို့လည်း ဆင်ဟွာသတင်းဌာနမှသိရပါတယ်။
လူမှုရေးနဲ့ ပြည်သူ့လူမှုဖူလုံရေးဥပဒေတွေကို ခေတ်နဲ့အညီ ပြင်ဆင်ရာမှာ ပြည်သူ့ကျန်းမာရေး အရေးပေါ်တုံ့ပြန်မှုဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ခဲ့ပြီးအမျိုးသားနဲ့ အများပြည်သူ လုံခြုံမှုရှိစေဖို့ နျူကလီးယားစွမ်းအင်ဆိုင်ရာဥပဒေကို အတည်ပြုခဲ့ပြီးနျူကလီးယားစွမ်းအင်ဆိုင်ရာ သုတေသနနဲ့ ငြိမ်းချမ်းသောအသုံးပြုမှုတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးပေးကာ ဆိုက်ဘာလုံခြုံရေးဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ခဲ့ပြီး ဒေတာလုံခြုံရေး၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်မှု မြှင့်တင်ဖို့ ရည်ရွယ်ကာ NPC အမြဲတမ်းကော်မတီဟာ သူရဲ့ ကြီးကြပ်ရေးအာဏာကို ကျင့်သုံးကာ နည်းပညာနဲ့ စက်မှုကဏ္ဍ ဆန်းသစ်တီထွင်မှုတွေရဲ့ ပေါင်းစည်းမှုတွေကို အားပေးဖို့ နိုင်ငံတော်ကောင်စီရဲ့အစီရင်ခံစာများကို နားထောင်ဆွေးနွေးခဲ့တယ်လို့လဲသိရပါတယ်။
ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေကို ကြီးကြပ်မှု တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ဥပဒေအာဏာတည်မြဲရေးအတွက် တိတိကျကျ ကြီးကြပ်စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။