အီရန်၏ တိုက်ခိုက်မှုကို ခုခံရန် အစ္စရေး ဒုံးခွင်းဒုံးကျည် အမြောက်အမြား အသုံးပြုခဲ့ရ

(နိုင်ငံတကာ)မတ် ၉

     အီရန်ရဲ့ အကြီးအကျယ် တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့အတွက် အစ္စရေးနိုင်ငံဟာ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ဒုံးခွင်းဒုံးကျည် (Missiles) အမြောက်အမြားကို အသုံးပြုခဲ့ရသည်ဟု စစ်ရေး
လေ့လာသူများ ဆိုပါတယ်။

     အီရန်က ပစ်ခတ်လိုက်တဲ့ ရာနဲ့ချီတဲ့ ဒရုန်းတွေ၊ ခရုစ်ဒုံးကျည် (Cruise Missiles) နဲ့ ဘောလစ်စတစ်ဒုံး ကျည် (Ballistic Missiles) တွေကို ကြားဖြတ်ဟန့် တားဖို့အတွက် အစ္စရေးဟာ သူ့ရဲ့ အဆင့်မြင့် လေ ကြောင်းကာကွယ်ရေးစနစ်တွေကို အပြည့်အဝ အသုံး ပြုခဲ့ရပါတယ်။

အသုံးပြုခဲ့သည့် လေကြောင်းရန်ကာကွယ်ရေး
စနစ်များမှာ Arrow-3 လေထုအပြင်ဘက်မှာတင် ဘောလစ်စတစ်ဒုံးကျည်တွေကို ဖျက်ဆီးတဲ့စနစ် (တစ်လုံးလျှင် ဒေါ်လာ ၃.၅ သန်းခန့် တန်ဖိုးရှိ)၊ David’s Sling အလတ်စား ဒုံးကျည်တွေကို ဟန့်တားတဲ့စနစ်(တစ်လုံးလျှင် ဒေါ်လာ ၁ သန်းခန့် တန်ဖိုးရှိ)၊ Iron Dome ဒရုန်းနဲ့ ဒုံးတိုတွေကို ဖျက်ဆီးတဲ့စနစ် (တစ်လုံးလျှင် ဒေါ်လာ ၅ သောင်းခန့် တန်ဖိုးရှိ)တို့ ဖြစ်ကြပါတယ်။


     စစ်ရေးကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ အီရန်ရဲ့ တစ်ညတာ တိုက်ခိုက်မှုကို ခုခံဖို့အတွက်တင် အစ္စရေးဟာ ဒေါ်လာ ၁ ဘီလီယံကနေ ၁.၅ ဘီလီယံ ကြား ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အီရန် ဘက်က တိုက်ခိုက်ဖို့ ကုန်ကျတဲ့စရိတ်ထက် အဆပေါင်းများစွာ ပိုမိုများပြားနေတာ ဖြစ်ပါတယ်။

     အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေးစနစ်ဟာ ထိရောက်မှုရှိပေမဲ့ ဒုံးခွင်းဒုံးကျည် လက်ကျန်အရေ အတွက် (Stockpile) ဟာ အကန့်အသတ်ရှိပါတယ်။ အကယ်၍ အီရန်က ဒီထက်မကတဲ့ ဒုံးကျည်အရေ အတွက်နဲ့ “လှိုင်းလုံးသဏ္ဌာန်” (Swarm Attack) ဆက်တိုက် တိုက်ခိုက်လာမယ်ဆိုရင် အစ္စရေးရဲ့ ကာကွယ်ရေးစနစ်ဟာ ဝန်ပိပြီး ပေါက်ထွက်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

#PositiveAngle #Israel #IranAttack #MissileDefense #IronDome #WarCost #MiddleEastCrisis

Telegram»…
https://t.me/positiveanglenews

#PAN