နိုင်ငံတော်ဝန်ကြီးချုပ်က ဂျိုင်း(ဇာသပြင်)တံတားအသစ်နှင့် အတ္ထရံ တံတားအသစ် ၂ စင်းကို ဖွင့်လှစ်ပေးခဲ့

နိုင်ငံတော်ဝန်ကြီးချုပ်က ဂျိုင်း(ဇာသပြင်)တံတားအသစ်နှင့် အတ္ထရံ တံတားအသစ် ၂ စင်းကို ဖွင့်လှစ်ပေးခဲ့
**********
(ပြည်တွင်း) မတ် ၉

     နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောသည် ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ် ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဆင့်မြင့်နည်းပညာသုံး တည်ဆောက်ထားသော တံတားသစ်ကြီး (၂) စင်းဖြစ်တဲ့ ဂျိုင်း(ဇာသပြင်)တံတားအသစ်နှင့် အတ္ထရံ တံတားအသစ် ဖွင့်ပွဲအခမ်းအနားများကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

     ဂျိုင်း(ဇာသပြင်) တံတားသစ်သည်ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တို့ကို ဆက်သွယ်ပေးထားသည့် ဂျိုင်းမြစ်ကို ဖြတ် သန်းတည်ဆောက်ထားပါသည်။ တံတားအမျိုးအစားက သံမဏိသံပေါင်ကြိုးဆွဲတံတား (Steel Truss Extradosed Bridge) အမျိုးအစားဖြစ်သည်။ ယခင်တံတားဟောင်းမှာ ကြံ့ခိုင်မှုအားနည်းလာပြီး တန်ပိုယာဉ်များ ဖြတ်သန်းရန် အခက်အခဲရှိသဖြင့် ယခုတံတားသစ်က ကုန်သေတ္တာတင်ယာဉ်ကြီးများ အန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်ရန် ဖော်ဆောင်ပေးခြင်းဖြစ်သည်။

     အတ္ထရံတံတားသစ်သည် မော်လမြိုင်မြို့အနီး အတ္ထရံမြစ်ကို ဖြတ်သန်း၍ မွန်ပြည်နယ်နှင့် ကရင်ပြည် နယ်ကို ချိတ်ဆက်ပေးသည်။ အမျိုးအစားမှာ သံမဏိသံပေါင်ခုံးတံတား (Steel Arch Bridge) အမျိုးအစားဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းဖြစ်သည့် မြဝတီ-ဘားအံ-မော်လမြိုင် လမ်းပိုင်းကို ပိုမိုမြန်ဆန်ချောမွေ့စေပြီး ဒေသခံများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

     ဤတံတားများသည် အဆင့်မြင့် သံမဏိသံပေါင်နည်းပညာများဖြင့် တည်ဆောက်ထားပြီး တန်ချိန် (၆၀) အထိ ခံနိုင်ရည်ရှိသဖြင့် ကုန်သေတ္တာတင်ယာဉ်ကြီးများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်သည်။

     ဤတံတားကြီးများသည် ဂျပန်နိုင်ငံ၏ ချေးငွေအကူအညီ (ODA Loan) ဖြင့် စတင်ခဲ့သည့် စီမံကိန်းများဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအကြား ဆက်သွယ်ပေးထားသည့် ကုန်းလမ်းကြောင်းကြီး၏ အစိတ် အပိုင်းတစ်ခု ဖြစ်သည်။ ဤတံတားများ ဖွင့်လှစ်လိုက်ခြင်းကြောင့် ကုန်စည်ပို့ဆောင်ခနှင့် အချိန်ကုန်သက်သာမှုများ ရရှိစေမည်ဖြစ်ပါသည်။

#​PositiveAngle #BridgeOpening #ZarthapyinBridge #AttaranBridge #Infrastructure #MyanmarNews #KarinState #MonState

Telegram»…
https://t.me/positiveanglenews
#PAN